အိန္ဒိယတောင်ပိုင်းမှာ နိပါ့(Nipah) ဗိုင်းရပ်စ်ကြောင့် လူ‌ေ-သဆုံးမှုဖြစ်ခဲ့ပြီးနောက် ကြိုတင်ကာကွယ်ရေးအစီအမံတွေ ဆောင်ရွက်လာ

0
129

အိန္ဒိယနိုင်ငံတောင်ပိုင်းမှာ နိပါ့ Nipah ဗိုင်းရပ်စ်ကူးစက်မှုကြောင့် အသက် ၁၄ နှစ်အရွယ် ယောက်ျားလေးတစ်ဦး ‌ေ-သဆုံးခဲ့ပြီးနောက်မှာ ဒေသအာဏာပိုင်တွေက ကြိုတင်ကာကွယ်ရေးအစီအမံတွေ ဆောင်ရွက်နေပြီး လူ ၆၀ လောက်ကို အန္တရာယ်မြင့်မားအခြေအနေရှိသူတွေအဖြစ် ဖော်ထုတ်သတ်မှတ်ထားတယ်လို့ ပြည်နယ်ကျန်းမာရေးဝန်ကြီးက တနင်္ဂနွေနေ့မှာ ထုတ်ဖော်ပြောဆိုပါတယ်။

ကီရာလာပြည်နယ် အစိတ်အပိုင်းတွေဟာ ကမ္ဘာမှာ ယင်းဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားမှုအတွက် အန္တရာယ်အများဆုံးနေရာတွေမှာ ပါဝင်တယ်လို့ ပြီးခဲ့တဲ့နှစ်က ရိုက်တာရဲ့ စုံစမ်းဖော်ထုတ်မှုတစ်ခုမှာ ဖော်ပြပါတယ်။ အသီးစား လင်းနို့နဲ့ ဝက်လို တိရိစ္ဆာန်တွေကနေ ကူးစက်ဖြစ်ပွားတဲ့ နိပါ့ဗိုင်းရပ်စ်ဟာ လူတွေမှာ ဦး​နှောက်ရောင်ရမ်းမှုဖြစ်စေကာ အသက်‌ေ-သဆုံးတဲ့အထိ ဖြစ်နိုင်ကြောင်း သိရပါတယ်။

ဒီပိုးဟာ ကပ်ရောဂါတစ်ခုအထိ ဖြစ်သွားနိုင်တဲ့အလားအလာကြောင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့က နိပါ့ကို ဦးစားပေး ရောဂါပိုးတစ်ခုအဖြစ် သတ်မှတ်ထားပါတယ်။ ဒီရောဂါပိုးအတွက် ကာကွယ်ဆေး မရှိသေးသလို ပျောက်ကင်းအောင် ကုသနိုင်ခြင်းလည်း မရှိကြောင်း သိရပါတယ်။

“ရောဂါပိုး ကူးစက်ထားတဲ့ က-လေ-းဟာ နှလုံးရပ်ပြီး တနင်္ဂနွေနေ့က ‌ေ-သဆုံးသွားပါတယ်” လို့ ပြည်နယ် ကျန်းမာရေးဝန်ကြီး ဗီးနားဂျော့က ဒေသခံရုပ်သံ သတင်းထောက်တွေကို ပြောဆိုခဲ့ပါတယ်။

စနေနေ့က အစောပိုင်း ထုတ်ပြန်ချက်တစ်ခုမှာတော့ နိပါ့ကို ထိန်းချုပ်နိုင်ရေး တစ်စိတ်တစ်ပိုင်းအဖြစ် အစိုးရက ၂၅ ဦးပါ ကော်မတီတစ်ရပ်ဖွဲ့စည်းကာ ရောဂါပိုးကူးစက်သူတွေကို ဖော်ထုတ်ပြီး သီးခြားခွဲထားစေခဲ့တယ်လို့ သူမက ပြောဆိုပါတယ်။

Calicut ရှိ Aster MMS ဆေးရုံမှ အရေးပေါ်ဆေးဝါးကုသမှုဆိုင်ရာ ညွှန်ကြားရေးမှူး ဒေါက်တာ အနွတ်ကူးမားက ကျောင်းသားတစ်ဦးမှာ နိပါ့ဗိုင်းရပ်စ် ကူးစက်ထားတာကို စစ်ဆေးတွေ့ရှိခဲ့ကြောင်းနဲ့ သူနဲ့ ထိတွေ့ထားသူတွေကို စောင့်ကြည့်နေကြောင်း ပြောဆိုခဲ့ပါတယ်။ ဒီအဆင့်မှာ နိပါ့ဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားနိုင်ခြေ အနိမ့်ဆုံးအနေအထားမှာရှိပြီး အခြေအနေကို နောက် ၇ ရက်ကနေ ဆယ်ရက်လောက်အထိ စောင့်ကြည့်သွားရဦးမှာဖြစ်တယ်လို့ သူက ပြောဆိုပါတယ်။

က-လေ-းငယ်နဲ့ မူလအထိအတွေ့ရှိထားသူ ၂၁၄ ဦးရှိပြီး ယင်းတို့ထဲက ၆၀ ဦးဟာ ဗိုင်းရပ်စ် ကူးစက်နိုင်ခြေမြင့်သူတွေအဖြစ် သတ်မှတ်ထားတယ်လို့ ထုတ်ပြန်ချက်မှာ ပြောဆိုခဲ့ပြီး လူနာတွေကို ကုသဖို့အတွက် ကျန်းမာရေးဋ္ဌာနတွေမှာ သီးခြားကုသဆောင်တွေ သတ်မှတ်ထားတယ်လို့ ဆိုခဲ့ပါတယ်။

ဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှုကို ထိန်းချုပ်ဖို့အတွက် အခြား ကူးစက်နိုင်ခြေရှိသူမှန်သမျှကို ခြေရာခံဖို့လုပ်ဆောင်နေတယ်လို့ ပြည်နယ်အစိုးရက ပြောဆိုပါတယ်။ နိပါ့ဗိုင်းရပ်စ်ဟာ ၂၀၁၈ ခုနှစ်က ကီရာလာပြည်နယ်မှာ ပထမဆုံး ကူးစက်ဖြစ်ပွားခဲ့ပြီးနောက်ပိုင်း ယင်းရောဂါပိုးနဲ့ ဆက်စပ်ပြီး လူ‌ေ-သဆုံးမှု ဒါဇင်ချီရှိခဲ့ပြီလို့ သိရပါတယ်။

ဒီဗိုင်းရပ်စ်ကို လွန်ခဲ့တဲ့ ၂၅ နှစ်ခန့်က မလေးရှားနိုင်ငံမှာ ပထမဆုံး ဖော်ထုတ်တွေ့ရှိခဲ့ပြီး နောက်ပိုင်းမှာ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယနဲ့ စင်ကာပူနိုင်ငံတို့မှာပါ ရောဂါပိုး ကူးစက်ဖြစ်ပွားမှုတွေ တွေ့ရှိခဲ့ကြောင်း သိရပါတယ်။

Ref: စီအန်အန်


LEAVE A REPLY

Please enter your comment!
Please enter your name here