တောင်ပြုံးပွဲတော် ကျင်းပရန်မသေချာသေး

0
73

နှစ်စဉ်ကျင်းပလေ့ရှိသည့် တောင်ပြုံးပွဲတော်ကို ယခုနှစ်တွင် ကျင်းပရန်မသေချာသေးကြောင်း ပွဲတော်ကျင်းပရေးကော်မတီ ဂေါပကအဖွဲ့ထံမှ သိရသည်။

အဆိုပါ ပွဲတော်ကို မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်၊ တောင်ပြုံးကျေးရွာ၌ နှစ်စဉ် ကျင်းပ‌လျက်ရှိနေခြင်း ဖြစ်သည်။

ယခုနှစ်တွင်မူ မူလက (၁၃၈၆) ခုနှစ်၊ ဝါခေါင်လဆန်း (၈) ရက်မှ (၁၅) ရက်အထိ (၈) ရက်ကြာကျင်းပသွားရန် စီစဉ်ထားခြင်းဖြစ်သော်လည်း လက်ရှိတွင် နယ်မြေလုံခြုံရေးအခြေအနေများအရ ကျင်းပရန် မသေချာသေးကြောင်း သိရသည်။

“အခုကတော့မသေချာတော့ဘူး။ တိုက်ပွဲတွေကြောင့်ပေါ့။ ဈေးဆိုင်ခန်းတွေတော့ ရောင်းချထားတာတွေရှိတယ်။ပွဲတော်မကျင်းပဖြစ်ရင်တော့ ပိုက်ဆံပြန်အမ်းပေးမယ်။ လုပ်ဖြစ်ရင်လည်း အကျဉ်းချုံးပဲပေါ့”ဟု ပွဲတော်ကျင်းပရေးကော်မတီ ဥက္ကဋ္ဌ ဦးဌေးအောင်က ပြည်တွင်းသတင်းဌာနများသို့ ဖြေကြားထားသည်။

တောင်ပြုံးပွဲသည် နိုင်ငံ၏ အနယ်နယ်အရပ်ရပ်မှ လာရောက်ကြသူများဖြင့် အလွန်စည်ကားပြီးမြန်မာနိုင်ငံ၌ အထင်ရှားဆုံး ပွဲတော်များအနက်မှ တစ်ခုလည်းဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here