မိုင်းဖြတ်တွင် ခရီးသည်တင်ယာဉ်တစ်စီး အရှိန်မထိန်းနိုင်ဘဲ နမ့်လုံးချောင်းအတွင်း ထိုးကျမှုဖြစ်ပွားပြီး (၂)ဦး ထိခိုက်ဒဏ်ရာရ

0
93

ရှမ်းပြည်နယ်၊ မိုင်းဖြတ်မြို့နယ်၊ မိုင်းဖြတ်ကျေးရွာအုပ်စု၊ ပြည်ထောင်စုလမ်းမကြီး၊ မိုင်တိုင်အမှတ် (၇၀၅/၇၀၆) အကြားတွင် ခရီးသည်တင်ယာဉ်တစ်စီး အရှိန်မထိန်းနိုင်ဘဲ နမ့်လုံးချောင်းအတွင်း ထိုးကျမှုဖြစ်ပွားပြီး (၂)ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း မီးသတ်တပ်ဖွဲ့ သတင်းများအရ သိရသည်။

ယနေ့ ဇူလိုင် (၂၂)ရက်၊ နံနက် (၈)နာရီအချိန်ခန့် မိတ္ထီလာမှ တာချီလိတ်သို့ မောင်းနှင်လာသော Hiace အမျိုးအစား အဖြူရောင် ခရီးသည်တင်ယာဉ်သည် အရှိန်မထိန်းနိုင်ဘဲ နမ့်လုံးချောင်းအတွင်းသို့ ထိုးကျမှုဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

ဖြစ်စဉ်ကို သတင်းရရှိသဖြင့် မိုင်းဖြတ်မြို့နယ်မီးသတ်စခန်းမှ မီးသတ်စက်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ကူညီဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်ကြောင့် ယာဉ်ပေါ်ပါ အမျိုးသား (၇)ဦး၊ အမျိုးသမီး (၅)ဦး အနက် အမျိုးသား (၁)ဦး ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)နှင့် အမျိုးသမီး(၁)ဦး ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)တို့ရရှိခဲ့သည့်အတွက် မြို့နယ်လူမှုကူညီရေးအသင်းပိုင်ယာဉ်ဖြင့် မိုင်းဖြတ်မြို့ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here