နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် မိုးမြေပဲ စိုက်ဧက ၅၀၀ စိုက်ပျိုးသွားမည်

0
189

ဆီထွက်သီးနှံဖြစ်သည့် မိုးမြေပဲစိုက်ဧက ၁၉၁၅ ဧကကို ၂၀၂၄-၂၀၂၅ ခု ဘဏ္ဍာရေးနှစ်၌ စိုက်ပျိုးရန် သတ်မှတ်လျာထားပြီး နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် ဧက ၅၀၀ စိုက်ပျိုးသွားမည်ဖြစ်ကြောင်း သိရသည်။

စိုက်ပျိုးရေးဦးစီးဌာနမှ ပြည်တွင်းစားသုံးဆီဖူလုံပြီး စားအုန်းဆီတင်သွင်းမှု လျော့ချနိုင်ရေး ဆီထွက်သီးနှံဖြစ်သည့် နှမ်း၊ မြေပဲနှင့် နေကြာတို့ကို ပိုမိုတိုးချဲ့စိုက်ပျိုးနိုင်ရန် ပံ့ပိုးကူညီ‌ပေးနေခြင်းဖြစ်သည်။

ယင်းသို့ ဆောင်ရွက်လျက်ရှိရာ မိတ္ထီလာမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများက ဆီထွက်သီးနှံများဖြစ်သည့် နေကြာနှင့် မြေပဲသီနှံများကို မိုးဦးနှင့် မိုးနှောင်းရာသီ (ဆောင်းရာသီ)တို့တွင် စိုက်ပျိုးလျက်ရှိကြပြီး နှမ်းသီးနှံကို နွေရာသီ၊ မိုးဦးနှင့် မိုးနှောင်း(ဆောင်းရာသီ)တို့တွင် စိုက်ပျိုးကြကြောင်း သိရသည်။

ထိုသို့ စိုက်ပျိုးလျက်ရှိရာမှ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၌ ဆီထွက်သီးနှံများ ဖြစ်သည့် နှမ်း၊ မြေပဲနှင့် နေကြာတို့အနက် မိတ္ထီလာမြို့နယ်အတွင်း၌ မြေပဲစိုက်ဧက (၁၉၁၅) ဧက စိုက်ပျိုးသွားရန် သတ်မှတ်လျာထားခြင်းဖြစ်‌ကြောင်း သိရသည်။

အဆိုပါ မိုးမြေပဲ သတ်မှတ်လျာထား စိုက်ဧက (၁၉၁၅)ဧကအနက် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် မြို့နယ်အတွင်း၌ မြေပဲသီးနှံကို ဇရပ်ကုန်း၊ သံဘို၊ အုံတုံ၊ ရေဝေ၊ ရှမ်းမငယ်၊ မယ်ဇလီကုန်း၊ မုန်တိုင်၊ အိုင်ကြီးလည်၊ ဆည်အောင်၊ မွေ၊ ကြွယ်ကန်၊ ကန်တောင်၊ အင်း၊ အရာတော်၊ ရေချို၊ လိန်တော၊ ညောင်ဇောက်၊ လျှော်ဖြူကန်၊ ကွက်ငယ်ကျေးရွာ အုပ်စုများရှိ ကွင်း (၅၅) ကွင်းမှ တောင်သူ (၃၅၀) ဦးက စိုက်ဧက (၅၀၀) ကို စိုက်ပျိုးသွားမည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here