အဋ္ဌကထာ ကျမ်းစာအုပ် (၅၁) အုပ်ကို ပြန်လည်ထုတ်ဝေမည်ဖြစ်၍ ပညာပါရမီ ဖြည့်ဆည်း လှူဒါန်းနိုင်

0
137

နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဆရာတော်ကြီးများ၏ ဩဝါဒနှင့်အညီ ဆောင်ရွက်မည့် အဋ္ဌကထာ ကျမ်းစာအုပ် (၅၁) အုပ်ကို ကွန်ပျူတာစာမူစနစ်ဖြင့် ပြန်လည်ထုတ်ဝေမည်ဖြစ်သည်။

ရန်ကုန်၊ မန္တလေးနှင့် စစ်ကိုင်းမြို့တို့ရှိ သာသနာ့တက္ကသိုလ်ကြီးများနှင့် နေပြည်တော်၊ တိုင်းဒေသကြီး/ ပြည်နယ်များရှိ ပရိယတ္တိစာသင်တိုက်ကြီးများမှ စာချစာသင်ရဟန်းတော်များ အသုံးပြုလျက်ရှိသည့် ပိဋကတ် သုံးပုံပါဠိတော်အဖွင့် အဋ္ဌကထာကျမ်းစာအုပ် (၅၁) အုပ်တို့ကို ဆဋ္ဌမူအတိုင်း စာမျက်နှာ၊ စာသားနှင့် စာလုံးရေ ပြောင်းလဲမှုမရှိဘဲ စာလုံးအနေအထား သန့်ရှင်းသပ်ရပ်မှုရှိသည့် ကွန်ပျူတာစာမူစနစ်ဖြင့် ကျမ်းစာအုပ် တစ်မျိုးလျှင် အုပ်ရေ (၁၀၀၀) စီ ပြန်လည်ပုံနှိပ်ထုတ်ဝေနိုင်ရေး ဆောင်ရွက်လျက်ရှိနေခြင်း ဖြစ်သည်။

ကွန်ပျူတာစာမူစနစ်ဖြင့် ဆောင်ရွက်မည့် ကျမ်းစာအုပ်များမှာ စက်တင်ပုံနှိပ်ပြီး ကျမ်းစာအုပ်မှာ (၂)အုပ်၊ ပုံနှိပ်ဆဲမှာ (၆) အုပ်၊ စာသားများစစ်ဆေးဆဲမှာ (၁၇) အုပ်၊ စာမူပြုစုဆဲမှာ (၆) အုပ်ရှိပြီး ဆက်လက်ဆောင်ရွက်ရန် ကျမ်းစာအုပ်မှာ (၂၀) အုပ် ရှိသည်ဟုလည်း သိရသည်။

သို့ဖြစ်ပါ၍ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ အလှူရှင်များအနေဖြင့် ကျမ်းစာအုပ် တစ်အုပ်လျှင် ငွေကျပ် ၃၀၀၀၀/- (ကျပ်သုံးသောင်း) နှုန်းဖြင့် မိမိတတ်နိုင်သည့် စာအုပ်အရေအတွက်အတိုင်း ပညာပါရမီ ဖြည့်ဆည်း လှူဒါန်းနိုင်ကြောင်း သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနမှအသိပေး ကြေညာထားသည်။

လှူဒါန်းလိုသူများအနေဖြင့် ဦးသောင်းဝင်း(ညွှန်ကြားရေးမှူး)၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဖုန်း-၀၆၇ ၃၄၀၆၂၇၆၊ ၀၉- ၄၂၀၇၀၁၄၆၃၊ ဦးကျော်လွင် (ညွှန်ကြားရေးမှူး)၊ သာသနာရေးဦးစီးဌာန၊ ဖုန်း-၀၆၇ ၃၄၀၆၂၃၂၊ ၀၉- ၄၀၀၅၁၆၇၇၇၊ ဦးကျော်မိုး (ညွှန်ကြားရေးမှူး)၊ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ် (ရန်ကုန်)၊ ဖုန်း-၀၁ ၈၆ ၆၁၂၇၅၊ ၀၉-၄၀၂၁၈၈၂၁၄၊ ဦးဝင်းသိန်းထွန်း (ညွှန်ကြားရေးမှူး)၊ နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ်(မန္တလေး)၊ ဖုန်း- ၀၂ ၄၀၆၁၁၁၂၊ ၀၉-၄၂၁၀၀၀၈၄၈၊ ဦးဇော်ဦး(ညွှန်ကြားရေးမှူး)၊ ရန်ကုန် တိုင်းဒေသကြီးသာသနာရေးမှူးရုံး၊ ဖုန်း-၀၁ ၆၅၁၂၀၉၊ ၀၉- ၂၀၃၈၅၆၃၊ ဦးကျော်လှိုင်(ညွှန်ကြားရေးမှူး)၊ မန္တလေးတိုင်းဒေသကြီး သာသနာရေးမှူးရုံး၊ ဖုန်း-၀၂ ၄၀၃၆၃၁၂၊ ၀၉-၂၆၃၉၉၉၀၀၁ တို့ထံသို့ ဆက်သွယ် လှူဒါန်းနိုင်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here