၂၀၂၄ -၂၀၂၅ မြန်မာနေရှင်နယ်လိဂ် (၂) ဘောလုံးပြိုင်ပွဲ ဝင်ရောက်မည့် အသင်းသစ် ချင်းလန်း FC အပ်နှံပွဲပြုလုပ်

0
272

လာမည့် ၂၀၂၄ -၂၀၂၅ မြန်မာနေရှင်နယ်လိဂ် (၂) အမှတ်ပေး ဘောလုံးပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် ချင်းလန်းအသင်း (Chinland FC)ကို ယမန်နေ့ ဇူလိုင် (၂၂) ရက် ညနေပိုင်းက အပ်နှံပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း မြန်မာနေရှင်နယ်လိဂ် ကော်မတီထံက သိရသည်။

အဆိုပါ အသင်းအပ်နှံပွဲနှင့် တဆက်တည်းတွင် အသင်းအား ပံ့ပိုးပေးသွားမည့် စပွန်ဆာများနှင့် စာချုပ်ချုပ်ဆိုပွဲ တစ်ရပ်ကိုပါ ပူးတွဲပြုလုပ်ခဲ့ကြကြောင်းလည်း သိရသည်။

ချင်းလန်းအသင်းသည် ပြီးခဲ့သည့် မြန်မာနေရှင်နယ်လိဂ် ၂၀၂၃ ပြိုင်ပွဲနှင့် မကြာသေးမီက ကျင်းပပြီးစီးသွားခဲ့သည့် MNL League Cup 2024 ပြိုင်ပွဲများတွင် GFA FC အမည်ဖြင့် ယှဉ်ပြိုင်ခဲ့သည့် အသင်းတစ်သင်းဖြစ်ပြီး ၂၀၂၄ -၂၀၂ ၅ မြန်မာနေရှင်နယ်လိဂ် (၂) အမှတ်ပေး ဘောလုံးပြိုင်ပွဲတွင် အမည်ပြောင်းလဲကာ ဝင်ရောက်ယှဉ်ပြိုင်ခြင်း ဖြစ်သည်။

ချင်းလန်းအသင်းတွင် ကွင်းလယ်၊ ခံစစ်နှင့် ဂိုးနေရာများအတွက် နိုင်ငံခြားကစားသမား (၅) ဦးထိ ခေါ်ယူထားပြီး တန်းတက်နိုင်ရေးအတွက် အစွမ်းကုန် ပြင်ဆင်လျှက်ရှိကြောင်း သိရသည်။

ချင်းလန်းအသင်းအနေဖြင့် ၂၀၂၄ -၂၀၂၅ မြန်မာနေရှင်နယ်လိဂ် (၂)ပြိုင်ပွဲ ရာသီအဖွင့်ပွဲစဉ်ကို ယနေ့ ဇူလိုင် (၂၃) ရက်တွင် ဧရာဝတီရိန်းဂျား အသင်းနှင့် ယှဉ်ပြိုင်ကစားသွားရမည်ဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here