PTTEP က ရေဘေးသင့်ပြည်သူများနှင့် နေရပ်စွန့်ခွာပြည်သူများအတွက် သိန်းပေါင်း (၅၀၀၀) ကျော် လှူဒါန်း

0
83

PTTEP International Limited က ရေဘေးသင့် ပြည်သူများနှင့် နေရပ်စွန့်ခွာပြည်သူများအတွက် ကျပ်သိန်းပေါင်း (၅၀၀၀)ကျော်ကို မြန်မာနိုင်ငံကြက်ခြေနီအသင်းသို့ ပေးအပ်လှူဒါန်းပွဲကို ယမန်နေ့ ဇူလိုင်(၂၂)ရက် နံနက်ပိုင်းက ရန်ကုန်အသင်းရုံးခွဲတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ အလှူငွေများမှာ ကချင်ပြည်နယ် ရေဘေးသင့်ပြည်သူများအတွက် အလှူငွေ ကျပ်သိန်းသုံးရာ့ခြောက်ဆယ် (၃၆၀) နှင့် တနင်္သာရီတိုင်း ယာယီနေရပ်စွန့်ခွာပြည်သူများအတွက် အလှူငွေကျပ် သိန်းငါးထောင့်လေးရာ (၅၄၀၀)တို့ကို ပေးအပ်လှူဒါန်းခဲ့ခြင်းဖြစ်သည်။

အဆိုပါ လှူဒါန်းသည် လူမှုကရုဏာအကူအညီများပေးရာတွင် အသုံးပြုရန်အတွက် လှူဒါန်းခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

အဆိုပါ လှူဒါန်းပွဲသို့ အသင်း ဥက္ကဋ္ဌနှင့်အတူ အချိန်ပြည့်အလုပ်အမှုဆောင် ပါမောက္ခဒေါက်တာဒေါ်ရီရီတင်၊ ဒုတိယအထွေထွေအတွင်းရေးမှူး ဒေါက်တာဒေါ်ညိုညိုဝင့်နှင့် တာဝန်ရှိသူများနှင့် PTTEP International Limited မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ပါသည်။

မြန်မာနိုင်ငံ ကြက်ခြေနီအသင်းမှ ဆောင်ရွက်လျက်ရှိသော လူမှုကရုဏာလုပ်ငန်းများအတွက် ယခုကဲ့သို့ ပါဝင်လှူဒါန်းခြင်းအတွက် ကျေးဇူးတင်ရှိ မြန်မာနိုင်ငံကြက်ခြေနီအသင်း လူမှုကရုဏာလုပ်ငန်းဆိုင်ရာပြန်ကြားဆက်သွယ်ရေးဌာနက ဆိုထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here