ဆူပူအကြမ်းဖက်မှုဖြစ်စဉ်တွေအတွက် ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်က အတိုက်အခံတွေကို အပြစ်တင်

0
355

ဆန္ဒပြသူတွေနဲ့ လုံခြုံရေးတပ်ဖွဲ့တို့အကြား အပြန်အလှန်တိုက်ခိုက်မှုတွေ ရက်ပိုင်းကြာဖြစ်ခဲ့ပြီးနောက် ပြီးခဲ့တဲ့ သီတင်းပတ်မှာ ပြဋ္ဌာန်းလိုက်တဲ့ ကာဖျူးမိန့်ကို အခြေအနေတွေ ပြန်ကောင်းချိန်မှသာ ပယ်ဖျက်သွားမှာဖြစ်တယ်လို့ ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် ရှိတ်ဟာစီနာက ပြောဆိုပါတယ်။

ကျောင်းသားထုဦးဆောင်တဲ့ဆန္ဒပြမှုတွေဟာ လူထိခိုက်‌ေ-သဆုံးမှုရှိတဲ့ အဓိကရုဏ်းတွေအဖြစ် ပြောင်းလဲသွားခဲ့ပြီးနောက် အစိုးရက အင်တာနက်ဝန်ဆောင်မှုတွေ ပိတ်ခဲ့သလို ကာဖျူးအမိန့်ထုတ်ကာ စစ်တပ်ကို ဖြန့်ကျက်ချထားခဲ့ပါတယ်။ အကြမ်းဖက်ဖြစ်စဉ်တွေအတွင်း လူ ၁၄၇ ဦးထက်မနည်း ‌ေ-သဆုံးခဲ့ရပြီးနောက်မှာ ဝန်ထမ်းနေရာချထားမှု ခွဲတမ်းများစွာကို ပယ်ဖျက်ဖို့ တနင်္ဂနွေနေ့မှာ တရားရုံးချုပ်က သဘောတူဆုံးဖြတ်ခဲ့ပါတယ်။

အစိုးရဝန်ထမ်းနေရာ ခွဲတမ်းစနစ်ကို ဆန့်ကျင်တဲ့ ကျောင်းသားထုဦးဆောင် ဆန္ဒပြမှုတွေအတွင်း နိုင်ငံအနှံ့ လူ‌ေ-သဆုံးမှုရှိတဲ့ ဆူပူအကြမ်းဖက်မှုတွေ ဖြစ်ပေါ်ခဲ့ရခြင်းအတွက် ဝန်ကြီးချုပ် ရှိတ်ဟာစီနာက သူမရဲ့ နိုင်ငံရေးပြိုင်ဘက်တွေကို အပြစ်တင်ခဲ့ပြီး အခြေအနေတွေ ပြန်ကောင်းမွန်ချိန်မှသာ ကာဖျူးအမိန့်ကို ပယ်ဖျက်သွားမှာဖြစ်တယ်လို့ တနင်္လာနေ့မှာ ပြောဆိုခဲ့ပါတယ်။

လက်ရှိဖြစ်စဉ်တွေဟာ မကြာသေးခင်နှစ်များအတွင်း ပေါ်ပေါက်ခဲ့တဲ့ အဆိုးဝါးဆုံး ဆူပူအကြမ်းဖက်မှုဖြစ်စဉ်တွေထဲမှာပါဝင်ခဲ့ပြီး ဆေးရုံတွေရဲ့ အချက်အလက်တွေအရ ‌ေ-သဆုံးသူ ၁၄၇ ဦးထက်မနည်းရှိခဲ့တယ်လို့ သိရပါတယ်။

အသက် ၇၆ နှစ်အရွယ် ဟာစီနာဟာ အတိုက်အခံပါတီက သပိတ်မှောက်ခဲ့တဲ့ ဇန်နဝါရီလက ရွေးကောက်ပွဲမှာ လေးကြိမ်ဆက် ဝန်ကြီးချုပ်သက်တမ်းအတွက် အနိုင်ရခဲ့သူဖြစ်ပါတယ်။

“နိုင်ငံသားတွေရဲ့ အသက်နဲ့ ပစ္စည်းဥစ္စာတွေကို အကာအကွယ်ပေးရေး အလို့ငှာ ကျွန်မတို့ ကာဖျူးအမိန့်ပြဋ္ဌာန်းခဲ့ရပါတယ်၊ ဒါမျိုး ကျွန်မတို့ လုံးဝမဖြစ်ချင်ပါဘူ၊ အခြေအနေတွေ ပိုကောင်းလာချိန်မှာတော့ ကာဖျူးကို ရုပ်သိမ်းသွားမှာပါ” လို့ သူမက ပြောဆိုသွားခဲ့ပါတယ်။

Ref: Frence24


LEAVE A REPLY

Please enter your comment!
Please enter your name here