ထိုင်းတွင် အထောက်ထားမဲ့ မြန်မာနိုင်ငံသား ဖမ်းဆီးခံရမှု လူပေါင်း တစ်သိန်းနားကပ်လာ

0
95

ထိုင်းနိုင်ငံတွင် အထောက်အထားမဲ့ မြန်မာနိုင်ငံသား ၁၇၀၀၀ ကျော်ကို တပတ်အတွင်း ထပ်မံဖမ်းဆီးခဲ့ကြောင်း ထိုင်းအလုပ်သမားဝန်ကြီးဌာနက ဇူလိုင် ၁၉ ရက်စွဲဖြင့်ထုတ်ပြန်သည်။

ထိုကဲ့သို့ ထုတ်ပြန်လိုက်ခြင်းသည် ဒုတိယအကြိမ်ထုတ်ပြန်ခြင်းဖြစ်ကာ ပထမအကြိမ် ထုတ်ပြန်မှုတွင် ၁ လအတွင်း မြန်မာနိုင်ငံသား ၈၀,၉၁၃ ဦးကို ဖမ်းဆီးခဲ့ကြောင်း ထုတ်ပြန်ထားသည်။

ထိုင်းအလုပ်သမားဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ရဲတပ်ဖွဲ့ ပါဝင်သည့် ရက် ၁၂၀ စီမံချက်အရ အထောက်အထားမဲ့ အလုပ်သမားများကို ဖမ်းဆီးနေတာဖြစ်ကာ ၄၃ ရက်အတွင်း လူပေါင်း ၁၃၀,၀၀၀ ကျော်ကို ဖမ်းဆီးခဲ့ပြီးဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်အရ သိရသည်။

ဖမ်းဆီးခံရသူများအနက် မြန်မာနိုင်ငံသား ၉၇,၄၄၈ ဦးအထိ အများဆုံးပါဝင်နေကာ လူ ၅၇၀ ကိုတော့ ထိုင်းအလုပ်သမားဥပဒေဖြင့် အမှုဖွင့်အရေးယူထားကြောင်းလည်း ထိုင်းအာဏာပိုင်များက ပြောသည်။

ထိုင်းအာဏာပိုင်တွေဟာ ထိုင်းနိုင်ငံအတွင်းက နေရာပေါင်း တစ်သောင်းကျော်ကို ဝင်ရောက်စစ်ဆေးခဲ့ပြီး ၃၄၈ နေရာကိုလည်း အရေးယူထားတယ်လို့ထုတ်ပြန်ပါတယ်။

ထိုင်းနိုင်ငံအတွင်း၌ ရက် ၁၂၀ စီမံချက်ဖြင့် အထောက်အထားမဲ့ အလုပ်သမားများကို ဖမ်းဆီးထားရာတွင် မြန်မာလုပ်သားများအပါအဝင် ကမ္ဘောဒီးယား အလုပ်သမား ၂၀၃၈၆ ဦး ၊ လာအို အလုပ်သမား ၈၈၂၉ ဦး ၊ ဗီယက်နမ် အလုပ်သမား ၁၀၄ ဦး နဲ့ အခြားနိုင်ငံသား အလုပ်သမား ၄၃၂၄ ဦးအထိ ရှိနေပြီဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်များအရ သိထားရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here