(၆) လအတွင်း တောင်ကိုရီးယားနိုင်ငံသို့ EPS လုပ်သား (၅၀၀၀) ကျော်စေလွှတ်ထား

0
149

၂၀၂၄ ခုနှစ် ဇန်နဝါရီလမှ ဇွန်လအတွင်း ကိုရီးယားသမ္မတနိုင်ငံသို့ EPS စနစ်ဖြင့် လုပ်သား(၅၀၀၀)ကျော် စေလွှတ်ထားပြီးဖြစ်ကြောင်း အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီမှသိရသည်။

ယခု ၂၀၂၄ ခုနှစ်တွင် မြန်မာနိုင်ငံအတွက် လုပ်သားခေါ် ယူမှုခွဲတမ်းအနေဖြင့် (၁၁၀၀၀) ခန့် ရွေးချယ်ခေါ်ယူ စေလွှတ်သွားမည်ဖြစ်သည်။

ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်တွင် ကုန်ထုတ်လုပ်ငန်း၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းနှင့် ဆောက်လုပ်ရေးလုပ်ငန်းများသို့ (၁၀၆၁၁) ဦး စေလွှတ်ခဲ့ပြီးလည်း ဖြစ်သည်။

ယခုအခါ EPS TOPIK စာမေးပွဲပထမအဆင့် အောင်မြင်သူများကို ကြေညာထားပြီး ၎င်းတို့သည် ဒုတိယအဆင့်အနေဖြင့် အခြေခံကျွမ်းကျင်မှု စမ်းသပ်စစ်ဆေးခြင်း (Skills Tes t) ခံယူရမည်ဖြစ်ပြီး ဖြေဆိုသူများရရှိသည့် စုစုပေါင်းရမှတ် အများအနည်းအလိုက် အောင်မြင်မှုနှုန်းသတ်မှတ်ချက်အရ အပြီးသတ်အောင်စာရင်းထုတ်ပြန်မည်ဖြစ်ကြောင်း အသိပေးထားသည်။

အခြေခံကျွမ်းကျင်မှု စမ်းသပ်စစ်ဆေးခံရန်လျှောက်လွှာတင်သွင်းရာတွင် လျှောက်ထားသည့်လုပ်ငန်းနှင့် သက်ဆိုင်သော နိုင်ငံအဆင့်ကျွမ်းကျင်မှု လက်မှတ်အသက်မွေဝမ်း ကျောင်း သင်တန်းအောင်လက်မှတ်နှင့် လုပ်ငန်းအတွေ့အကြုံ (တစ်နှစ်နှင့်အထက်)ရှိသူများသည် သက်ဆိုင်ရာအထောက်အထားများ ပူးတွဲတင်ပြရမည်ဖြစ်ပြီး ၎င်းတို့အား လုပ်ကိုင်နိုင်မှု အရည်အသွေး စစ်ဆေးမှုပြုလုပ်မည်ကြောင်းနှင့် သင်တန်းအောင်လက်မှတ်နှင့် လုပ်ငန်းအတွေ့အကြုံမရှိပါက ပူးတွဲတင်ပြရန်မလိုကြောင်း သိရသည်။

ယခုနှစ်တွင် တောင်ကိုရီးယားနိုင်ငံသို့ ဝန်ဆောင်မှုကဏ္ဍအတွက်အမျိုးသမီးများကိုလည်း ပထမဦးဆုံးအကြိမ်စေလွှတ်သွားမည်ဖြစ်ကြောင်းလည်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here