မန္တလေးစည်ပင်နယ်နိမိတ် မြို့နယ် (၆) မြို့နယ်အတွင်း တစ်ရက်လျှင် စွန့်ပစ်အမှိုက် တန်ချိန် (၁၃၀၀) ကျော် ထွက်ရှိ

0
333

မန္တလေးစည်ပင်နယ်နိမိတ် မြို့နယ်(၆)မြို့နယ်ဖြစ်သည့် ပြည်ကြီးတံခွန်မြို့နယ်၊ ချမ်းအေးသာဇံမြို့နယ်၊ ချမ်းမြသာစည်မြို့နယ်၊ အောင်မြေသာစံမြို့နယ်၊ မဟာအောင်မြေမြို့နယ်နှင့်၊ အမရပူရမြို့နယ်တို့ရှိ နေအိမ်များမှထွက်ရှိသည့် စွန့်ပစ်အမှိုက်များ ၊ ဈေးများမှထွက်ရှိသည့် စွန့်ပစ်အမှိုက်များကို မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ ၊ သန့်ရှ င်းရေးဌာန အနေဖြင့် အမှိုက်သိမ်းဆည်းပေးသည့်ကားများဖြင့် သိမ်းဆည်းပေးလျက်ရှိကြောင်း သိရသည်။

အမှိုက်သိမ်းလုပ်သားဦးရေ (၁၀၀၀) ကျော်၊ အမှိုက်သိမ်းကားစီးရေ (၂၈၀) ခန့်ဖြင့်နေ့စဉ် အမှိုက်သိမ်းခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ မြို့နယ်(၆)မြို့နယ်အတွင်း တစ်ရက်လျှင် စွန့်ပစ်အမှိုက် တန်ချိန် (၁၃၀၀) ကျော်ထွက်ရှိကြောင်း မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ သန့်ရှင်းရေးဌာနမှ သိရသည်။

မြို့ပြဒေသများမှ လူတို့နေ့စဉ်စွန့်ပစ်သော အမှိုက်သရိုက်များအနက် ဥပမာအားဖြင့် စက္ကူ၊ပလတ်စတစ် ပစ္စည်း၊ ဖန်၊ သတ္တုစသည့်ပစ္စည်းများကိုသာ အမှိုက်ကောက်သူတို့နှင့် စွန့်ပစ်အဟောင်း ပြန်လည် ဝယ်သူတို့မှတစ်ဆင့် အမှိုက်အားလုံး၏ ၁၀ ရာခိုင် နှုန်းကိုသာ ပြန်လည်အသုံးချမှုများရှိပြီး ကျန်အမှိုက် ၉၀ ရာခိုင်နှုန်းကို စည်ပင်သာယာအဖွဲ့များက နေ့ စဉ်သိမ်းဆည်းပြီး မြို့ပြင်အမှိုက်ပုံကြီးများတွင် စုပုံထားရခြင်းဖြစ်သည်။

ယခုအခါ စည်ပင်သာယာအဖွဲ့နှင့် လုပ်ငန်းကုမ္ပဏီများပူးပေါင်း၍ စွန့်ပစ်အမှိုက်များကို အသုံးပြုပြီး လောင်စာစွမ်းအင် ထုတ်လုပ်သော လုပ်ငန်းများ ဆောင်ရွက်နေပြီဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here