အာဆီယံချန်ပီယံရှစ် ခြေစစ်ပွဲ ဒုတိယ အကျော့ ရှမ်းနှင့် ဘရူနိုင်းတို့ ယှဉ်ပြိုင်မည်

0
107

၂၀၂၄ -၂၀၂၅ အာဆီယံချန်ပီယံရှစ် ခြေစစ်ပွဲ ဒုတိယ အကျော့ ပွဲစဉ်အဖြစ် ရှမ်းယူနိုက်တက်နှင့် ဘရူးနိုင်းကလပ်အသင်းတစ်သင်းဖြစ်သည့် ကာဆူကာအသင်းတို့ ယနေ့ ဇူလိုင်(၂၄)ရက် ညနေပိုင်းတွင်ယှဉ်ပြိုင်ကစားကြမည်ဖြစ်သည်။

ခြေစစ်ပွဲအား ရန်ကုန်မြို့ သုဝဏ္ဏအား ကစားကွင်းအတွင်း ယှဉ်ပြိုင်ကစားမည်ဖြစ်ပြီး ယမန်နေ့ ဇူလိုင် (၂၃)ရက် ညနေ (၅)နာရီအချိန်တွင် ပွဲကြိုသတင်းစာရှင်းလင်းပွဲ ပြုလုပ်သွားသည်။

ပထမအကျော့ ပွဲစဉ်အား ဘရူနိုင်းနိုင်ငံ၊ ဘန်ဒါဆရီဘီဂါဝမ်မြို့ရှိ Hassanal Bolkiah Stadium အတွင်း ကစားခဲ့ကြပြီး တစ်ဖက်တစ်ဂိုးစီဖြင့် သရေရလဒ်ထွက်ပေါ်ထားသည်။

ပထမအကျော့ ပွဲစဉ်အတွင်း အဖွင့်သွင်းဂိုးအား ကာဆူကာအသင်းက ပွဲချိန် (၄၄) မိနစ်အချိန်တွင် ဆူလီဗန်တေလာဆိုသူ ကစားသမားက သွင်းယူခဲ့ပြီး ရှမ်းယူနိုက်တက်အသင်းအတွက် ချေပဂိုးကို ပွဲချိန် (၇၉) မိနစ်တွင် ဟိန်းဖြိုးဝင်းက သွင်းယူပေးနိုင်ခဲ့ခြင်းဖြစ်သည်။

ယခု ဒုတိယအကျော့ ပွဲစဉ်မစတင်မီ Official training အတွက် ယမန်နေ့ ဇူလိုင် (၂၃)တွင် နံနက်(၈)နာရီတွင် ရှမ်းယူနိုက်တက်အသင်းက စလင်းကွင်းတွင်လည်းကောင်း ကာဆူကာအသင်းက ညနေ (၄)နာရီအချိန်တွင် သုဝဏ္ဏလေ့ကျင့်ရေးကွင်း (၅) တွင်လည်းကောင်း ပြုလုပ်သွားမည်ဖြစ်သည်။

ဓာတ်ပုံ – ပထမအကျော့ ပွဲစဉ် ပုံရိပ်များ


LEAVE A REPLY

Please enter your comment!
Please enter your name here