ထိုင်းနိုင်ငံသို့ ရောက်ရှိနေသည့် နိုင်ငံ့ဝန်ထမ်းများအနေဖြင့် Black Lists မှ ပယ်ဖျက်ပေးရန် လျှောက်ထားမှုများရှိဟုဆို

0
139

နိုင်ငံ့တာဝန်ထမ်းဆောင်ခဲ့ပြီး အမည်မည်းစာရင်း (Black Lists) တွင် ပါဝင်နေသူများအား Black Lists စာရင်းမှ ပယ်ဖျက်ပြီး ဥပဒေဘောင်အတွင်း နေထိုင်သွားလာနိုင်ရန် ဆောင်ရွက်ပေးမည်ဖြစ်ရာ ထိုင်းနိုင်ငံသို့ ရောက်ရှိနေသော ဝန်ထမ်းများအနေဖြင့်လည်း အမည်မည်းစာရင်း (Black Lists) မှ ပယ်ဖျက်ဖြေလျှော့ပေး နိုင်ပါရန် မြန်မာသံရုံး၊ ဘန်ကောက်မြို့သို့ လျှောက်ထားနိုင်ကြောင်း မြန်မာသံရုံးမှ အသိပေးကြေညာထားရာလျှောက်ထားမှုများရှိနေကြောင်း ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးမှသိရသည်။

ဇူလိုင်လ (၁၃) ရက်တွင် နစက သတင်းထုတ်ပြန်ရေးအဖွဲ့မှ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများ၊ ပြည်ထောင်စုဝန် ကြီးဌာနများမှ နိုင်ငံ့ဝန်ထမ်းအချို့သည် အကြောင်းအမျိုးမျိုးကြောင့် ခွင့်ပြုချက် မရရှိဘဲ လုပ်ငန်းခွင်ကို စွန့်ခွာသွားကြသည့်အတွက် သက်ဆိုင်ရာဌာနများ၏ အမည်မည်းစာရင်း (Black Lists) တွင် ပါဝင်လျက်ရှိနေခြင်းကြောင့် နိုင်ငံ တော်အတွက် လူသားအရင်းအမြစ်ဆုံးရှုံးမှုများ ဖြစ်ပေါ်သည့်အပြင် ကာယကံရှင်များ၏ လူနေမှုဘဝများလည်း နစ်နာလျက်ရှိကြောင်း ဖော်ပြရေးသားထားသည်။

ယင်းကြောင့် နိုင်ငံ့ဝန်ထမ်းများ လုပ်ငန်းခွင် စွန့်ခွာရသည့် အကြောင်းခြင်းရာအပေါ် မူတည်၍ အမည်မည်းစာရင်း (Black Lists) မှ ပယ်ဖျက်ဖြေလျှော့ပေးပြီး ဥပဒေဘောင်အတွင်း နေထိုင်သွားလာနိုင်ရန် ဆောင်ရွက်ပေးမည်ဖြစ်သ ည့်အတွက် ဇူလိုင် (၁၅)  ရက်မှစ၍ အဆိုပါ ဝန်ထမ်းများ သည် မိမိတို့ ရောက်ရှိနေသည့်နေရာတွင်ရှိသော ယခင် တာဝန်ထမ်းဆောင်ခဲ့သည့် ဌာန၏ ရုံးများသို့လည်းကောင်း၊ နီးစပ်ရာ မြို့နယ်ခွဲ၊ မြို့နယ်၊ ခရိုင်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အုပ်ချုပ်ရေးအဖွဲ့အစည်းများသို့ လည်းကောင်း၊ မြန် မာနိုင်ငံသံရုံး၊ စစ်သံရုံး၊ ကောင်စစ်ဝန်ရုံးများသို့ လည်း ကောင်း ပြန်လည်သတင်းပို့ပြီး Black Lists မှ ပယ်ဖျက်ပေးရန် လျှောက်ထားနိုင်ကြောင်း နိုင်ငံပိုင်သတင်းစာမှတဆင့်ကြေညာထားခြင်း ဖြစ်သည်။

ထို့ပြင် လျှောက်ထားလိုသူများအနေဖြင့် မိမိတို့၏ ဝန်ကြီးဌာနသို့ လိပ်မူပြီးမှတဆင့် သံအမတ်ကြီး၊ မြန်မာသံရုံး၊ ဘန်ကောက်မြို့ဟု ဖော်ပြကာလုပ်ငန်းခွင်စွန့်ခွာရသည့် အကြောင်း ရင်းကို ဖော်ပြထားသော ကိုယ်ရေးစာ (၆ လ အတွင်း ရိုက် ကူးထားသော ဓါတ်ပုံဖြင့်)၊ ထိုင်းနိုင်ငံတွင်း နေရပ်လိပ်စာအပြည့်အစုံ၊ ဆက်သွယ်ရမည့် ဖုန်းနံပါတ်၊ Passport (မိ တ္တူ)၊ နိုင်ငံသားစိစစ်ရေးကတ်ပြား (မိတ္တူ)၊ အခြားထည့် သွင်းလိုသော စာရွက် စာတမ်းများနှင့်အတူ မြန်မာသံရုံး၊ ဘန်ကောက်မြို့ထံသို့ လူကိုယ်တိုင်လာရောက်၍သော် လည်းကောင်း၊ စာတိုက်မှ တဆင့်ပေးပို့၍ သော်လည်းကောင်း လျှောက်ထားနိုင်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here