တက္ကသိုလ်ဝင်အောင်လက်မှတ်များ အတု၊ အစစ်ခွဲခြားနိုင်ရန် QR Code များ ထည့်သွင်းထား

0
353

၂၀၂၄ ခုနှစ်၊ စနစ်သစ် Grade-12 အဆင့် တက္ကသိုလ်ဝင်စာမေးပွဲ အောင်လက်မှတ်များကိုအတု၊အစစ်ခွဲခြားနိုင်ရန် အောင်လက်မှတ်များတွင် QR Code များ ထည့်သွင်းထားကြောင်း မြန်မာနိုင်ငံစာစစ်ဦးစီးဌာန မှ သိရသည်။

အောင်လက်မှတ်များတွင် QR Code များ ထည့်သွင်း၍ ထုတ်ပေးလျက်ရှိရာ အဆိုပါ QR Code ကို Scan ဖတ်၍ အောင်လက်မှတ်၏ စစ်မှန်မှုနှင့် အောင်လက်မှတ်ပါ အချက်အလက်များ၏ မှန်ကန်မှုကို တိုက်ဆိုင်စစ်ဆေးနိုင်ပြီဖြစ်ကြောင်း သိရသည်။

အောင်လက်မှတ်တွင်ပါသော QR Code ကို Scan ဖတ်လိုက်ပါက verify.dme.gov.mm နှင့် အစပြုသော Website လိပ်စာတစ်ခု ထွက်လာမည်ဖြစ်ပြီး ထိုလိပ်စာကို ဝင်ကြည့် ပါက ကျပန်းထုတ်ပေးသည့် ဂဏန်း ၆ လုံးနှင့် ထိုဂဏန်း ၆ လုံးကို ရိုက်ထည့်ရမည့် နေရာတွေ့မည်ဖြစ်ကြောင်း ဖော်ပြထားသည်။

အဆိုပါ ဂဏန်း ၆ လုံးကို ပြည့်စုံမှန်ကန်အောင် ဖြည့်စွက်၍ Submit ကို နှိပ်လိုက်သည်နှင့် အောင်လက်မှတ်ပါ အောက်ဖော်ပြပါ အချက်အလက်များကို စစ်ဆေးကြည့်ရှုနိုင်မည်ဖြစ်ပြီး မြန်မာနိုင်ငံစာစစ်ဦးစီးဌာနမှ ထုတ်ပေးသည့်အောင် လက်မှတ် မဟုတ်လျှင် သို့မဟုတ် အတုဖြစ်လျှင် QR Code သည် verify.dme.gov.mm နှင့် ချိတ်ဆက်၍ အလုပ်လုပ်မည် မဟုတ်ကြောင်း၊ သို့မဟုတ် veify.dme.gov.mm မဟုတ်သော အခြား Website တစ်ခုခုသို့ ရောက်သွားမည်ဖြစ် ကြောင်း အသိပေးထားသည်။

မြန်မာနိုင်ငံစာစစ်ဦးစီးဌာနမှ ထုတ်ပေးသည့် အောင်လက်မှတ် တစ်စောင်မှ QR ကို ပွားယူ၍ အတုလုပ်ထားလျှင်လည်း အောင်လက်မှတ်ပါ အချက်အလက်များနှင့် QR ကို Scan ဖတ်သည့်အခါ ထွက်လာမည့် မူရင်း အချက်အလက်များ တူမည်မဟုတ်ကြောင်း သိရသည်။

အောင်လက်မှတ်ပါ အချက်အလက်များနှင့် QR Result ပါ အချက်အလက်များသည် တစ်ထပ်တည်း ဖြစ်ရမည်ဖြစ်ပြီး အကယ်၍ မြန်မာနိုင်ငံစာစစ်ဦးစီးဌာနမှ ထုတ်ပေးလိုက်သည့် အောင်လက်မှတ် အစစ်အမှန်ဖြစ်သော်လည်း အောင် လက်မှတ်ပေါ်တွင် ဖော်ပြထားသည့် အချက်အလက်များနှင့် verify.dme.gov.mm တွင် ဖော်ပြထားသည့် အချက်အလက်များ ကွဲလွဲမှုရှိပါက မြန်မာနိုင်ငံစာစစ်ဦးစီးဌာန၏ Page Messenger သို့ဖြစ်စေ၊ qr@myanmar exam.org သို့ဖြစ်စေ ထုတ်ယူထားသည့် အောင်လက်မှတ် ဓါတ်ပုံပေးပို့၍ ဆက်သွယ်ဆောင်ရွက်နိုင်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here