နောက် (၂၄) နာရီအတွင်း ရန်ကုန်အပါဝင် ပဲခူး၊ မွန်၊ ကရင်၊ ရခိုင်တို့တွင် မိုးများနိုင်ပြီး တနင်္သာရီနှင့် ပဲခူးအရှေ့ပိုင်းဒေသများတွင် ရေကြီးနိုင်ဟုဆို

0
232

လာမည့် (၂၄) နာရီအတွင်း ရန်ကုန်တိုင်းဒေသကြီး အပါဝင် ပဲခူးတိုင်းဒေသကြီး၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ရခိုင် ပြည်နယ်တို့တွင် မိုးများနိုင်ပြီး တနင်္သာရီတိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီး အရှေ့ပိုင်းဒေသများတွင် ရေကြီးနိုင်ကြောင်း မိုးလေဝသစောင့်ကြည့်လေ့လာသူ စုစုစံက လူမှုကွန်ရက် စာမျက်နှာမှ တဆင့် အသိပေးရေးသားထားသည်။

မွန်ပြည်နယ်၊ ကရင်ပြည်နယ် ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ရခိုင်ပြည်နယ်၊ ပဲခူးတိုင်း ဒေသများတွင် မိုးရွာနိုင်ပြီး တန င်္သာရီတိုင်းနှင့် ပဲခူးတိုင်းအရှေ့ပိုင်းဒေသများတွင် မိုးကြီးရေလျှံနိုင်ကြောင်းလည်း ၎င်းက သတိပေးထားသည်။

အလားတူ ဘင်္ဂလားပင်လယ်အော်တွင် လေဖိအားနည်းရပ် ဝန်းဖြစ်ပေါ်မှုကြောင့် ယခု ဇူလိုင်လ၏ တတိယ (၁၀) ရက်အတွင်း တို င်းနှင့် ပြည်နယ်အနှံ့တွင် မိုးရွာသွန်းမည်ဖြစ် ကြောင်း မိုး လေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှလည်း ထုတ်ပြန် အသိပေးထားပြီးဖြစ်သည်။

ထို့ကြောင့် ပြည်သူများအနေဖြင့် အထူးသတိပြုကြရန်နှင့် ရုတ်တရက် ရေကြီးရေလျှံခြင်းနှင့် မြေပြိုမှုများ ဖြစ်ပေါ် လာပါက အရေးပေါ်ဆက်သွယ်ရန် လူမှုကယ်ဆယ်ရေးအဖွဲ့များမှလည်း သတိပေးထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here