ထရန့်ကို လုပ်ကြံဖို့ကြိုးပမ်းမှုဖြစ်စဉ်နဲ့ ပတ်သက်ပြီး အမေရိကန်လျှို့ဝှက် ထောက်လှမ်းရေးဋ္ဌာန အကြီးအကဲ ရာထူးမှ နုတ်ထွက်

0
254

သမ္မတဟောင်း ဒေါ်နယ်ထရန့်ကို လုပ်ကြံကြိုးစားခဲ့တဲ့ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး အမေရိကန် လျှို့ဝှက်ထောက်လှမ်းရေးဋ္ဌာန အကြီးအကဲ ရာထူးက နုတ်ထွက်လိုက်တယ်လို့ သိရပါတယ်။ ပစ်ခတ်မှုဖြစ်စဉ်ကို မဟန့်တားနိုင်ခဲ့တာကြောင့် သူ့အပေါ် ဝေဖန်မှုတွေနဲ့ နုတ်ထွက်ဖို့ ဖိအားပေးမှုတွေ တိုးမြင့်လာပြီးနောက် သူအခုလို ရာထူးက နုတ်ထွက်သွားခဲ့တာဖြစ်ပါတယ်။

ထောက်လှမ်းရေးဋ္ဌာနအကြီးအကဲ Kimberly Cheatle က အင်္ဂါနေ့မှာ သူနုတ်ထွက်မယ့် အစီအစဉ်ကို ဝန်ထမ်းတွေဆီ အီးမေးလ်ပို့ ကြေညာခဲ့တယ်လို့ အေပီသတင်းက ဖော်ပြပါတယ်။

ဇူလိုင် ၁၃ ရက်က ပင်ဆယ်ဗေးနီးယားပြည်နယ်မှာ ပြုလုပ်ခဲ့တဲ့ မဲဆွယ်စည်းရုံးပွဲအတွင်း ရီပတ်ဘလီကန် သမ္မတလောင်း ထရန့် ‌ေ-သနတ်နဲ့ ပစ်ခတ်ခံရကာ နားရွက်မှာ ‌ေ-သနတ်ဒဏ်ရာရရှိသွားခဲ့ပါတယ်။ ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ လုံခြုံရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းတွေအပေါ် မေးခွန်းထုတ်မှုတွေ ဆက်လက်ထွက်ပေါ်ခဲ့တာကြောင့် သူမ နုတ်ထွက်ဖို့ အမေရိကန် လွှတ်တော်အမတ်တွေက ဖိအားပေးခဲ့ကြပါတယ်။

“လုံခြုံရေး လစ်ဟာမှုအတွက် ကျွန်မ အပြည့်အ၀ တာဝန်ယူပါတယ်” လို့ ဝန်ထမ်းတွေထံပေးပို့ခဲ့တဲ့ အီးမေးလ်မှာ Cheatle က ပြောခဲ့ပြီး မကြာသေးမီက ဖြစ်ပျက်ခဲ့မှုတွေအရ စိတ်မသက်သာစွာနဲ့ သင်တို့ရဲ့ ညွှန်ကြားရေးမှူးအဖြစ်ကနေ နုတ်ထွက်ဖို့ ခက်ခဲတဲ့ ဆုံးဖြတ်ချက်ချခဲ့ရပါတယ်လို့လည်း သူမက ပြောဆိုခဲ့ပါတယ်။

လျှို့ဝှက်ထောက်လှမ်းရေးဋ္ဌာန ညွှန်ကြားရေးမှူးအနေနဲ့ ဆယ်စုနှစ်များစွာ ပြည်သူ့ဝန်ထမ်းဆောင်ခဲ့မှုတွေအတွက် ကျေးဇူးတင်ရှိပါကြောင်း အမေရိကန် သမ္မတ ဂျိုးဘိုင်ဒင်က ပြောဆိုခဲ့ပြီး မကြာခင်မှာ သူမနေရာကို အစားထိုးခန့်အပ်သွားဖို့ ပြင်ဆင်ထားကြောင်း ဆိုခဲ့ပါတယ်။

ယင်းနေ့မှာပဲ အမေရိကန် အမိမြေလုံခြုံရေးဝန်ကြီး အလီဂျန်ဒရို မေယာကက်စ်က Cheatle နုတ်ထွက်သွားခဲ့ပြီးနောက် လျှို့ဝှက်ထောက်လှမ်းရေးဋ္ဌာန လက်ထောက်ညွှန်ကြားရေးမှူး ရော်နယ် အယ်လ်ရိုဝီကို ယာယီညွှန်ကြားရေးမှူးအဖြစ် ခန့်အပ်လိုက်ကြောင်း ပြောဆိုခဲ့ပါတယ်။

တနင်္လာနေ့က အမေရိကန် ကွန်ဂရက်လွှတ်တော် ကော်မတီ ကြားနားမှုအတွင်း မဲဆွယ်ပွဲအတွက် ဋ္ဌာနရဲ့ လုံခြုံရေးအစီအမံနဲ့ပက်သက်လို့ Cheatle ဟာ ဒေါသတကြီး မေးခွန်းထုတ်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရတာဖြစ်ပါတယ်။

Ref: အယ်ဂျာဇီးယား


LEAVE A REPLY

Please enter your comment!
Please enter your name here