ကာဆူကာ အသင်းအား မိနစ် (၉၀) အတွင်း အနိုင်ကစားမည်ဟု ရှမ်းယူနိုက်တက်အသင်း နည်းပြချုပ် ဆို

0
146

ယနေ့ ဇူလိုင် (၂၄)ညနေ(၆)နာရီအချိန်တွင် ရန်ကုန်မြို့ ၊ သုဝဏ္ဏအားကစားကွင်း၌
ဘရူးနိုင်ဘောလုံး ကလပ်တစ်သင်းဖြစ်သည့် ကာဆူကာ အသင်းနှင့် ပြည်တွင်းချန်ပီယံ ရှမ်းယူနိုက်တက်အသင်းတို့ ယှဉ်ပြိုင်ကစားကြမည်ဖြစ်ရာ မိနစ် (၉၀) အတွင်း အနိုင် ကစားမည်ဟု ရှမ်းယူနိုက်တက်အသင်း နည်းပြချုပ် ဦးမျိုးလှိုင်ဝင်းက ပြောသည်။

“မိနစ် ၉၀ အတွင်း အဖြေပေါ်မှာပါ။ အနိုင် ကစားမယ်။ ကာဆူကာလည်း အသင်းကောင်းပါပဲ ပထမ တစ်ပွဲ ကစားထားလို့ အကြောင်းသိနေပါပြီ။ ကိုယ့်မြေ ကိုယ့်ရေမှာ အနိုင်ကစားသွားမယ်”ဟု ၎င်းကဆိုသည်။

လက်ရှိတွင် ရှမ်းယူနိုက်တက်အသင်းတွင် ဖျားနာနေသည့် ကစားသမားအချို့ရှိနေသော်လည်း လူအင်အားအပြည့်ရှိကြောင်းလည်း ၎င်းက ဆိုသည်။

ထို့ပြင် ရှမ်းယူနိုက်၏ အိမ်ကွင်းဖြစ်သည့် တောင်ကြီးကွင်းတွင်လည်း နိုင်ငံခြားပွဲစဥ်များ ဖိတ်ခေါ်ကစားရဦးမည်ဖြစ်ကြောင်း သိရသည်။

ယနေ့ကစားမည့် ပွဲစဉ်သည် ဒုတိယအကျော့ခြေ စစ်ပွဲကစားခြင်းဖြစ်ပြီး ပထမအကျော့ပွဲစဉ်အား ဘရူနိုင်းနိုင်ငံ၊ ဘန်ဒါဆရီဘီဂါဝမ်မြို့ရှိ Hassanal Bolkiah Stadium ၌ ကစားခဲ့ကြပြီး တစ်ဘက်တစ်ဂိုးစီဖြင့် သရေရလဒ်ထွက်ပေါ်ထားသည်။

ယနေ့ ဒုတိယအကျော့ ပွဲစဉ်မစတင်မီ Official training အတွက် ယမန်နေ့ ဇူလိုင် (၂၃)တွင် နံနက်(၈) နာရီတွင် ရှမ်းယူနိုက်တက်အသင်းက စလင်းကွင်းတွင်လည်းကောင်း၊ ကာဆူကာအသင်းက ညနေ (၄)နာရီအချိန်တွင် သုဝဏ္ဏလေ့ကျင့်ရေးကွင်း(၅)၌ လည်းကောင်း အသီးသီးလေ့ကျင့်ခဲ့ကြကြောင်းလည်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here