အီသီယိုပီးယား မြေပြိုမှု ‌ေ-သဆုံးသူ ၂၂၉ ဦးအထိ ရှိလာ

0
92

အီသီယိုပီးယားနိုင်ငံတောင်ပိုင်းမှာ မြေပြိုမှုနှစ်ကြိမ်ဖြစ်ခဲ့မှုအတွင်း ‌ေ-သဆုံးသူ ၂၂၉ ဦးအထိ ရှိလာခဲ့တယ်လို့ အာဏာပိုင်တွေက ပြောဆိုပါတယ်။

တနင်္လာနေ့က ကျေးလက်ဒေသတစ်ခုဖြစ်တဲ့ ဂိုဖာနယ်မြေမှာ မိုးသည်းထန်စွာရွာသွန်းခဲ့မှုကြောင့် ပထမမြေပြိုမှုဖြစ်ခဲ့ပြီး ကူညီကယ်ဆယ်မှုတွေလုပ်နေကြစဉ် ဒုတိအကြိမ် မြေပြိုမှုထပ်ဖြစ်ခဲ့တာကြောင့် ကယ်ဆယ်ရေးလုပ်နေသူတွေပါ မြေအောက်ရောက်ခဲ့ရတယ်လို့ တာဝန်ရှိသူတွေက အင်္ဂါနေ့မှာ ပြောဆိုခဲ့ပါတယ်။

တနင်္လာနေ့က ဂိုဖာနယ်မြေ Kencho-Shacha အရပ်မှာ ဖြစ်ပွားခဲ့တဲ့ ယင်း သဘာဝဘေးအတွင်း အမျိုးသား ၁၄၈ ဦးနဲ့ အမျိုးသမီး ၈၁ ဦး ‌ေ-သဆုံးခဲ့တယ်လို့ ဒေသဆိုင်ရာ သတင်းအချက်ဆက်သွယ်ရေးဋ္ဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

တောင်ပိုင်းတိုင်းဒေသ တာဝန်ခံအရာရှိ Alemayehu Bawdi က ယင်း လူ‌ေ-သဆုံးမှု အရေအတွက်ကို အတည်ပြုခဲ့ပြီး ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေ ဆက်လုပ်နေတယ်လို့ ပြောဆိုခဲ့ပါတယ်။

ရွှံ့မြေတွေအောက်ကနေ လူ ငါးဦးကို အသက်ရှင်လျက် ဆွဲထုတ်နိုင်ခဲ့ပြီး သူတို့ကို ဆေးဝါးကုသမှုပေးထားတယ်လို့ အစိုးရပိုင် အီသီယိုပီးယားရုပ်သံလွှင့်ဋ္ဌာန(EBC) က အစောပိုင်းမှာ သတင်းဖော်ပြခဲ့ပါတယ်။

‌ေ-သဆုံးခဲ့ရသူ အများစုဟာ ပထမမြေပြိုမှုကြောင့် မြေအောက်ရောက်သွားတဲ့ အိမ်တစ်လုံးကို သွားရောက်ကူညီကယ်ဆယ်မှုတွေလုပ်နေကြသူတွေဖြစ်ပြီး ဒုတိယအကြိမ်မြေပြိုမှုဟာ သူတို့ကိုပါ မြေအောက်ရောက်သွားစေခဲ့တယ်လို့ ဒေသဆိုင်ရာ အုပ်ချုပ်ရေးမှူး Dagemawi Ayele က ပြောဆိုကြောင်း EBC က ဖော်ပြခဲ့ပါတယ်။

Ref: အယ်ဂျာဇီးယား


LEAVE A REPLY

Please enter your comment!
Please enter your name here