2024 AFF U-19 Boys Championship အုပ်စုနောက်ဆုံးပွဲ မြန်မာအသင်း (၁) ဂိုး ဂိုးမရှိဖြင့် ရှုံးနိမ့်

0
165

2024 AFF U-19 Boys Championship ပြိုင်ပွဲ အုပ်စုနောက်ဆုံးပွဲစဉ်ကို ယနေ့ ဇူလိုင်(၂၄)ရက်၊ မွန်းလွဲ (၂)နာရီခွဲအချိန်တွင် မြန်မာအသင်းနှင့် ဩစတြေးလျအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ မြန်မာအသင်း (၁) ဂိုး ဂိုးမရှိဖြင့် ရှုံးနိမ့်ခဲ့ရသည်။

အဆိုပါ ပွဲစဉ်အား အင်ဒိုနီးရှားနိုင်ငံ ၊ Gelora 10 november stadium တွင် ယှဉ်ပြိုင်ကစားခဲ့ကြခြင်းဖြစ်ပြီး မြန်မာအသင်းအနေဖြင့် (၃)ပွဲ ကစား(၂)ပွဲသရေနှင့် (၁)ပွဲရှုံးရလဒ် ထွက်ပေါ်ခဲ့ခြင်းဖြစ်သည်။

2024 AFF U-19 Boys Championship ပြိုင်ပွဲတွင် မြန်မာအသင်းသည် ပထမအကျော့ ဗီယက်နမ်အသင်းအား တစ်ဘက်တစ်ဂိုးစီဖြင့် သရေကစားနိုင်ခဲ့သလို ဒုတိယအကျော့တွင်လည်း လာအိုအသင်းဖြင့် တစ်ဘက်တစ်ဂိုးစီဖြင့် သရေရလဒ်ထွက်ပေါ်ခဲ့ပြီး အုပ်စုနောက်ဆုံးပွဲစဉ်တွင် ဩစတြေးလျအသင်းက (၁)ဂိုး ဂိုးမရှိဖြင့် ရှုံးနိမ့်ခဲ့ရခြင်းဖြစ်သည်။

မြန်မာယူ-၁၉ အသင်းကို အုပ်ချုပ်/နည်းပြ အဖွဲ့ဝင် (၉)ဦး၊ ကစားသမား (၂၃) ဦး စုစုပေါင်း (၃၂) ဦးဖြင့် ဖွဲ့စည်းထားပြီး ဇူလိုင် (၁၆)ရက်၊ နံနက်ပိုင်းတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ အင်ဒိုနီးရှားနိုင်ငံသို့ ထွက်ခွာခဲ့ခြင်းဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here