ဒုတိယအကြိမ် ထိန်းသိမ်းခံထားရသည့် ဒေါက်တာ ခလမ်ဆမ်ဆွန် ပြန်လည်လွတ်မြောက်

0
187

ဒုတိယအကြိမ် ပြန်လည်ထိန်းသိမ်းခံထားရသည့် ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC) ဥက္ကဋ္ဌဟောင်း သိက္ခာတော်ရဆရာတော် ဒေါက်တာခလမ်ဆမ်ဆွန် ပြန်လည်လွတ်မြောက်လာပြီဖြစ်ကြောင်း နီးစပ်သူများထံမှ သိရသည်။

၎င်းအား ဇူလိုင် (၂၂)ရက်၊ နံနက် (၁၁) နာရီအချိန်ခန့်တွင် ပြန်လည်လွှတ်ပေးခြင်းဖြစ်ပြီး မြစ်ကြီးနားအကျဉ်းထောင် ဧည့်ရိပ်သာတွင် သုံးလကျော်ကြာ ထိန်းသိမ်းခံထားရခြင်းဖြစ်ကြောင်း သိရသည်။

ဒေါက်တာခလမ်ဆမ်ဆွန်သည် မြစ်ကြီးနားအကျဉ်းထောင်တွင် (၁)နှစ်နှင့်(၄)လကြာ အကျဉ်းချခဲ့ပြီးနောက် ယခုနှစ် ဧပြီ (၁၇)ရက်တွင် ပြန်လည်လွတ်မြောက်လာခဲ့သော်လည်း ယင်းနေ့ ညပိုင်းတွင်ပင် ငြိမ်းချမ်းရေးအတွက်ဆွေးနွေးရန် ရှိသည်ဟုဆိုကာ ပြန်လည်ခေါ်ဆောင်ခံခဲ့ရခြင်း ဖြစ်သည်။

ဒေါက်တာခလမ်ဆမ်ဆွန်ကို မတရားအသင်းနှင့်ဆက်သွယ်မှုဥပဒေ ပုဒ်မ ၁၇(၁)၊ နိုင်ငံတော်အကြည်ညို ပျက်စေမှု ရာဇသတ်ကြီးပုဒ်မ ၅၀၅ (က)၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၂ (က) တို့ဖြင့် တရားစွဲဆိုကာ ပြစ်ဒဏ်ချမှတ်ခဲ့ခြင်းဖြစ်သည်။

သိက္ခာတော်ရဆရာ ဒေါက်တာခလမ်ဆမ်ဆွန်သည် ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC) ၏ အတွင်းရေးမှူး အဖြစ် (၈)နှစ်၊ ဥက္ကဋ္ဌအဖြစ် (၄)နှစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ဖမ်းဆီးခံရချိန်တွင် အထူးအကြံပေး ပုဂ္ဂိုလ်အဖြစ် တာဝန်ထမ်းဆောင်နေသူတစ်ဦးဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here