နီပေါမှာ လေယာဉ်တစ်စင်း ပြေးလမ်းမှပျံတက်စဉ် ပျက်-ကျမှုဖြစ်ခဲ့တာကြောင့် လူ ၁၈ ဦး ‌ေ-သဆုံးခဲ့ပြီး လေယာဉ်မှူးတစ်ဦးသာ အသက်ရှင်လွတ်မြောက်

0
159

နီပေါနိုင်ငံ ခတ္တမန္ဒူလေဆိပ်မှာ ဒီနေ့ဇူလိုင် ၂၄ ရက်က ခရီးသည်တင်လေယာဉ်တစ်စင်း ပြေးလမ်းမှ ပျံတက်စဉ် ပျက်-ကျမှုဖြစ်ခဲ့တာကြောင့် မီးစွဲလောင်သွားတဲ့ လေယာဉ်ပျက်ထဲမှ လေယာဉ်မှူးတစ်ဦးကိုသာ အသက်ရှင်လျက် ကယ်တင်နိုင်ခဲ့ပြီး လေယာဉ်ပေါ်ပါ ကျန် ၁၈ ဦးလုံး ‌ေ-သဆုံးခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောဆိုပါတယ်။

The Saurya Airlines လေယာဉ်ဟာ စမ်းသပ်ပျံသန်းမှုအဖြစ် လေယာဉ်အမှုထမ်း နှစ်ဦး၊ ကုမ္ပဏီဝန်ထမ်း ၁၇ ဦးတို့နဲ့အတူ ပျံတက်ခဲ့တာဖြစ်တယ်လို့ နီပေါရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ Dan Bahadur Karki က AFP သတင်းဋ္ဌာနကို ပြောဆိုခဲ့ပါတယ်။

“လေယာဉ်မှူးကိုတော့ ကယ်နိုင်ခဲ့တယ်၊ ကုသမှုပေးထားပါတယ်၊ နိုင်ငံခြားသားတစ်ဦး အပါ ရုပ်အလေ-ာင်း ၁၈ လော-င်း ပြန်ရထားပြီး ရင်ခွဲစစ်ဆေးမှုလုပ်ငန်းစဉ်တွေ ကျွန်တော်တို့ ဆောင်ရွက်နေပါတယ်” လို့ သူက ဆက်လက် ပြောဆိုခဲ့ပါတယ်။

ဒီလေယာဉ်ကို နည်းပညာပိုင်း သို့မဟုတ် ပြုပြင်ထိန်းသိမ်းမှုဆိုင်ရ ရည်ရွယ်ချက်တွေအတွက် ပျံသန်းမှုလုပ်ခဲ့တာဖြစ်တယ်လို့ နီပေါမြို့ပြ လေကြောင်းအာဏာပိုင်အဖွဲ့မှ မစ္စတာ Gyanendra Bhul က ပြောဆိုခဲ့ပြီး နောက်ထပ် အသေးစိတ်အချက်တွေကိုတော့ ပြောပြခဲ့ခြင်း မရှိပါဘူး။ လေယာဉ်ပေါ်ပါ နိုင်ငံခြားသားဟာ ဘယ်နိုင်ငံသားဖြစ်တယ်ဆိုတာကိုလည်း အတည်ပြု ပြောဆိုခြင်း မရှိခဲ့ပါဘူး။

နီပေါစစ်တပ်က မျှဝေခဲ့တဲ့ အခင်းဖြစ် ဓါတ်ပုံတွေအရ လေယာဉ်ကိုယ်ထည်ဟာ ကွဲထွက်သွားခဲ့ပြီး မီးစွဲလောင်ကျွမ်းသွားခဲ့တာကို တွေ့ရပါတယ်။

လေယာဉ်ဟာ ဒေသစံတော်ချိန် မနက် ၁၁း၄၅ နာရီလောက်မှာ ပျက်-ကျမှုဖြစ်ခဲ့တာဖြစ်ပြီး စစ်တပ်ရဲ့ အရေးပေါ်တုန့်ပြန်ရေးအဖွဲ့က ကယ်ဆယ်ရေးလုပ်ငန်းတွေမှာ ပါဝင်ကူညီခဲ့တယ်လို့ စစ်တပ်က ထုတ်ပြန်ပြောဆိုပါတယ်။

Khabarhub သတင်းဋ္ဌာနရဲ့ ဖော်ပြချက်အရ လေယာဉ်ဟာ ပြေးလမ်းကနေ ချော်ထွက်သွားခဲ့ပြီးနောက် မီးစွဲလောင်သွားခဲ့တယ်လို့ ဖော်ပြပါတယ်။ လေယာဉ်ဟာ နီပေါနိုင်ငံရဲ့ အရှုပ်ထွေးဆုံးလမ်းကြောင်းတစ်ခုဖြစ်တဲ့ မြို့တော် ခတ္တမန္ဒူနဲ့ ခရီးသွားအချက်အချာနေရာ ပေါ့ခါရာအကြား ပျံသန်းသွားဖို့ စီစဉ်ထားတာလို့ ဆိုပါတယ်။

Ref:The Straits Times


LEAVE A REPLY

Please enter your comment!
Please enter your name here