ဂါဇာ၌ ပိုလီယိုရောဂါကူးစက်နိုင်ခြေအလားအလာများ

0
351

ဂျီနီဗာ၊ဇူလိုင် ၂၄

ကမ္ဘာ့ကျန်းမာရေးအဖွဲ့သည် စစ်ဘေးဒဏ်ခံရသော ဂါဇာတွင် ပိုလီယိုနှင့် အခြားရောဂါများ ဖြစ်ပွားနိုင်ခြေများ‌နေကြောင်းကို ဇူလိုင် ၂၃ ရက်နေ့က သတိပေးချက်ထုတ်ပြန်ခဲ့သည်။

ကမ္ဘာ့နိုင်ငံများ၏ ကြိုးပမ်းအားထုတ်မှုများကြောင့် အသက်ငါးနှစ်အောက်က-လေ-းများတွင်အဖြစ်များပြီး အသက်‌ေ-သဆုံးနိုင်ချေရှိသည့် အဆိုပါပိုလီယိုရောဂါကို ‌ပပျောက်သည်အထိ လုပ်ဆောင်နိုင်ရန်နီးကပ်လာပြီလည်းဖြစ်သည်။

၁၉၈၈ ခုနှစ်တွင် ကမ္ဘာတစ်ဝန်း၌ ပိုလီယိုရောဂါဖြစ်ပွားမှုပေါင်း ၃၅၀,၀၀၀ ရှိခဲ့ သော်လည်း ယခုအခါ အဆိုပါရောဂါဖြစ်ပွားမှုသည် ၉၉ ရာခိုင်နှုန်းအထိလျော့နည်းသွားပြီဖြစ်သည်။

နိုင်ငံအသီးသီး၌ ပိုလီယိုဖြစ်ပွားမှုနှုန်း လျော့နည်းကျဆင်းလာသော်လည်း ကျန်းမာရေးစောင့်ရှောက်မှု မရှိသလောက်နည်းပါးနေသည့်ဂါဇာ၌မူ ပိုလီယိုရောဂါသည် စိန်ခေါ်မှုတစ်ခုဖြစ်လာခဲ့သည်။

အစ္စရေးစစ်တပ်ကမူ ဂါဇာရှိ ၎င်း၏တပ်ဖွဲ့ဝင်များကို ပိုလီယိုကာကွယ်ဆေးစတင်ထိုးပေးတော့မည်ဖြစ်ကြောင်း တနင်္ဂနွေနေ့ကကြေငြာချက်ထုတ်ပြန်ခဲ့သည်။

ဂါဇာ၌မူ ပိုလီယိုဖြစ်ပွားမှုအတွက်သာမက ကျန်းမာရေးစောင့်ရှောက်မှုနည်းပါးပြီး သန့်ရှင်းသော သောက်သုံးရေမရရှိသည့်အတွက်လည်း အခြားရောဂါများပါ ကူးစက်ပြန့်ပွားလာနိုင်သည့် အတွက်ပိုမို စိုးရိမ်မှုလာကြသည်။

Source : အေအက်ဖ်ပီ/အက်ဖ်အက်စ်


LEAVE A REPLY

Please enter your comment!
Please enter your name here