စစ်ကိုင်းမြို့နယ်အတွင်း ရေဝင်ရောက်မှုကြောင့် ယာယီ ပြောင်းရွှေ့ထားရသည့် ကျွဲ၊ နွားများကို ကာကွယ်ဆေးထိုးပေး

0
75

စစ်ကိုင်းတိုင်း ဒေသကြီး၊ စစ်ကိုင်းမြို့နယ်အတွင်း ရေဝင်ရောက်မှုကြောင့် ယာယီပြောင်းရွှေ့ထားရသည့် ကျွဲ၊ နွား တိရစ္ဆာန်များအား ဇူလိုင်(၂၄)ရက်၊ နံနက်ပိုင်းက ကာကွယ်ဆေးများ အခမဲ့ထိုးနှံပေးခဲ့ကြောင်း သိရသည်။

စစ်ကိုင်းမြို့၊ ဒါးဝယ်ဈေးရပ်ကွက်၊ ငါးထပ်ကြီး ဘုရာဝင်းအတွင်း၌ ကာကွယ်ဆေးထိုးနှံပေးခြင်းကို စစ်ကိုင်းခရိုင်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ကြီးမှူး၍ ထိုးနှံပေးခြင်းဖြစ်သည်။

ကာကွယ်ဆေးများ ထိုးနှံပေးရာတွင် စစ်ကိုင်းခရိုင် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါက်တာဝင်းစိုး ဦးဆောင်၍ တိရစ္ဆာန်ကျန်းမာရေး လုပ်သားများက ဒေါင့်သန်းရောဂါကာကွယ်ဆေး(၂၂၀) ကောင်၊ ပေါင်ပုပ်လက်ပုပ် ရောဂါကာကွယ်ဆေး(၁၅၆)ကောင်၊ စုစုပေါင်း(၃၇၆) ကောင်ကို အခမဲ့ ထိုးနှံပေးခဲ့ကြောင်း သိရသည်။

ယင်းကဲ့သို့ ရေလွတ်ရာ နေရာများသို့ ယာယီပြောင်းရွှေ့နေ ထိုင်ရသည့် လူနှင့်တိရစ္ဆာန်များအား ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ များ၏ လမ်းညွှန်မှုဖြင့် ကျန်းမာရေးစောင့် ရှောက်မှုများကို စဉ်ဆက်မပြတ်ဆောင်ရွက်ပေးလျက်ရှိကြောင်းလည်း သိရသည်။

စစ်ကိုင်းမြို့ ဧရာဝတီမြစ်ရေ၏ စိုးရိမ်ရေမှတ်သည် (၁၁၅၀) စင်တီမီတာဖြစ်ပြီး ဇူလိုင်လ ဒုတိယပတ်အထိ စိုးရိမ်ရေမှတ်ကျော်လွန်ရောက်ရှိခဲ့ရာ မြေနိမ့်ပိုင်းရပ်ကွက်များ ရေဝင်ရောက်ခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် စိုးရိမ်ရေမှတ်အောက်သို့ ပြန်လည် ကျဆင်းနေပြီဖြစ်ကြောင်း မိုးလေဝသနှင့်ဇလဗေ ဒညွှန်ကြားမှုဦးစီးဌာနမှ အသိပေးထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here