ရှမ်းယူနိုက်တက်အသင်း ကာဆူကာ အသင်းကို (၃)ဂိုးသွင်းယူ အနိုင်ရရှိ

0
127

ဘရူးနိုင်း ဘောလုံးကလပ်တစ်ခုဖြစ်သည့် ကာဆူကာအသင်းအား မိနစ် (၉၀) အတွင်း အနိုင်ကစားမည်ဟု ကြုံးဝါးထားသည့် ရှမ်းယူနိုက်တက်အသင်းအနေဖြင့် (၃)ဂိုးသွင်းယူ၍ အနိုင်ရရှိခဲ့သည်။

ကာဆူကာ အသင်းအား မိနစ် (၉၀) အတွင်း အနိုင်ကစားမည်ဟု ရှမ်းယူနိုက်တက်အသင်း နည်းပြချုပ်မျိုးလှိုင်ဝင်း ပြောကြားထားသည့် အပေါ်ကစားသမားများက လက်တွေ့အနိုင်ယူပြခဲ့ခြင်းဖြစ်သည်။

ယနေ့ ဇူလိူင်(၂၄)ရက်၊ ည(၆)နာရီ အချိန်တွင် ဒုတိယကျော့ ပွဲစဉ်အား ရန်ကုန်မြို့ သုဝဏ္ဏကွင်းအတွင်း ယှဉ်ပြိုင်ကစားခဲ့ကြပြီး ရှမ်းယူနိုက်တက်အသင်းက (၃)ဂိုး(၁)ဂိုးဖြင့် အနိုင် ရခဲ့ခြင်းဖြစ်သည်။

အဆိုပါ SHOPEE CUP ပွဲစဉ် ပထမအကျော့ပွဲစဉ်ကို ဘရူနိုင်းနိုင်ငံ ဘန်ဒါဆရီဘီဂါဝမ်မြို့ရှိ Hassanal Bolkiah Sta dium အတွင်း ကစားခဲ့ရာတွင် တစ်ဖက်(၁)ဂိုးစီဖြင့် သရေရလဒ်ထွက်ပေါ်ထားသည်။

ယနေ့ ဒုတိယအကျော့ ပွဲစဉ်မစတင်မီ Official training အတွက် ယမန်နေ့ ဇူလိုင် (၂၃)တွင် နံနက်(၈)နာရီတွင် ရှမ်းယူနိုက်တက်အသင်းက စလင်းကွင်းတွင် လေ့ကျင့်ခဲ့ပြီး ကာဆူကာအသင်းသည် ညနေ (၄)နာရီအချိန်တွင် သုဝဏ္ဏလေ့ကျင့်ရေးကွင်း(၅) ၌ လေ့ကျင့်ခဲ့ကြောင်း သိရသည်။

ရှမ်းယူနိုက်တက်အသင်း နည်းပြချုပ် မျိုးလှိုင်ဝင်းက နောက်ပိုင်းတွင် ရှမ်းယူနိုက်၏ အိမ်ကွင်း တောင်ကြီးကွင်းတွင်လည်း နိုင်ငံခြားပွဲစဥ်များ ဖိတ်ခေါ် ကစားရဦးမည်ဖြစ်ဟုဆိုထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here