နိုင်ငံ့ အနာဂတ်ကို တည်ဆောက်ရာတွင် ပညာရေးကို မြှင့်တင် ဆောင်ရွက်ခြင်းသည်
အထိရောက်ဆုံးနည်းလမ်းဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ပြောကြား

0
86

နိုင်ငံတော်၏ အနာဂတ်ကို တည်ဆောက်ရာတွင် ပညာရေးကို ရေရှည်မြင့်မားအောင် မြှင့်တင် ဆောင်ရွက်ခြင်းသည်သာ အကောင်းမွန်ဆုံး၊ အမှန်ကန်ဆုံး နှင့် အထိရောက်ဆုံးနည်းလမ်းဖြစ်သည်ဟုယုံကြည်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားသည်။

ယနေ့ ဇူလိုင်(၂၄)ရက် မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ဇေယျာသီရိဗိမာန်၌ ကျင်းပပြုလုပ်သည့် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ၌ ထူးချွန်စွာအောင်မြင်ခဲ့သည့် တပ်မတော် (ကြည်း၊ ရေ၊ လေ)မှ စစ်သည်များ၊ စစ်မှုထမ်းဆဲ၊စစ်မှုထမ်းဟောင်းမိသားစုဝင်သားသမီးများ၊ စစ်သည်အစားခန့် အရပ်သားဝန်ထမ်းများ၏ သားသမီးများနှင့် လူရည်ချွန်ဆုရရှိသော ကျောင်းသား၊ ကျောင်းသူများအားဂုဏ်ပြုဆုချီးမြှင့်ပွဲအတွင်း ထိုသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

ထို့အပြင် အသိပညာနှင့်အတတ်ပညာဟန်ချက်မျှတစွာ စွမ်းရည်မြင့်မားမှုမရှိပါက နိုင်ငံတော်၏ နိုင်ငံရေး၊ စီးပွားရေး၊လူမှုရေးစသည့် နယ်ပယ်အသီးသီး၌
အားနည်းချက်များ ဖြစ်ပေါ်စေမည်ဖြစ်ပြီး တိုင်းပြည်စည်းလုံးညီညွတ်ရေးအပေါ်ကိုလည်း မလွဲမသွေ သက်ရောက်စေနိုင်ကြောင်း ပြောကြားခဲ့သည်။

ထို့ကြောင့် နိုင်ငံ့အနာဂတ်ကောင်းမွန်ရေးအတွက် ရည်ရွယ်ဆောင်ရွက်နေသည့် ပညာရေးကဏ္ဍ အဆင့်မြှင့်တင်ဆောင်ရွက်နေမှုလုပ်ငန်းများကို အားလုံးက သိရှိနားလည်ပြီးပူးပေါင်းဆောင်ရွက်ကြရန်တိုက်တွန်းမှာကြားခဲ့သည်။

ယနေ့ ဆုချီးမြှင့်ပွဲတွင် တပ်မတော်သား သုံးဘာသာဂုဏ်ထူးရှင် (၁)ဦး၊ နှစ်ဘာသာ ဂုဏ်ထူးရှင် (၅) ဦး၊ တစ်ဘာသာဂုဏ်ထူးရှင် (၁၂) ဦး ရှိခဲ့ပြီး တပ်မတော်အခြေခံပညာအထက်တန်းကျောင်းများ၌ တက်ရောက်ခဲ့သူများအနေဖြင့် ခြောက်ဘာသာဂုဏ်ထူးရှင် (၁၇) ဦး၊ ငါးဘာသာ ဂုဏ်ထူးရှင် (၂၆) ဦး၊ လေး ဘာသာဂုဏ်ထူးရှင် (၃၁) ဦး၊ သုံးဘာသာဂုဏ်ထူးရှင် (၃၈) ဦး၊ နှစ်ဘာသာဂုဏ်ထူးရှင် (၆၅) ဦး၊ တစ်ဘာသာဂုဏ်ထူးရှင် (၁၉၇) ဦးရှိခဲ့ကြောင်းသိရသည်။

အခမ်းအနားတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီး ချုပ်၏ဇနီး ဒေါ်ကြူကြူလှက လူရည်ချွန်ဆုရရှိသူ (၅) ဦးနှင့်ခြောက်ဘာသာဂုဏ်ထူးဖြင့် ထူးချွန်စွာအောင်မြင်ခဲ့သူ (၅) ဦးတို့အား ဂုဏ်ပြုတံဆိပ်၊ ဂုဏ်ပြုဆုနှင့်ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်သည်။

အလားတူ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ၂၀၂၃-၂၀၂၄ ပညာ သင်နှစ်တွင် တပ်မတော်ပညာရေးကျောင်းများမှ အောင်ချက်အကောင်းဆုံး ပထမ၊ ဒုတိယ၊ တတိယဆုရရှိသည့် ပညာရေးကျောင်းများမှ ကျောင်းအုပ်ကြီးများအား ဂုဏ်ပြုဆုနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်သည်။

ယနေ့ အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်အတူ ဇနီးဒေါ်ကြူကြူလှ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ)ဗိုလ်ချုပ်ကြီး မောင်မောင်အေးနှင့် ဇနီး၊ကာကွယ်ရေး ဦးစီးချုပ် (ရေ) နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(လေ)၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များနှင့်ဇနီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများနှင့်ဇနီးများ၊ မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့၊ဗဟိုအမှုဆောင်ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ တပ်မတော် အခြေခံပညာအထက်တန်းကျောင်းများနှင့်တပ်မတော်ပညာရေးကျောင်းများမှ အုပ်ချုပ်မှုတာဝန်ခံအရာရှိများနှင့် ကျောင်းအုပ်ကြီးများ၊ ဆုရစစ်သည်များ၊ ကျောင်းသား၊ ကျောင်းသူများ၊ မိဘများ၊ ဆရာ၊ဆရာမများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here