ကျန်းမာရေးဝန်ကြီးဌာနသို့ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါအတွက် ဓာတ်ဆားထုပ် တစ်သိန်း MRCS ပေးအပ်လှူဒါန်း

0
78

ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနသို့ ပြင်းထန် ဝမ်းပျက်ဝမ်းလျှောရောဂါအတွက် အသုံးပြုရန် ဓာတ်ဆားထုပ် အထုပ်ရေ (၁)သိန်းကို မြန်မာနိုင်ငံ ကြက်ခြေနီ အသင်း(MRCS) က ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

အဆိုပါ ပေးအပ်လှူဒါန်းမှုကို မြန်မာနိုင်ငံကြက်ခြေနီအသင်း ဥက္ကဌ ပါမောက္ခ ဒေါက်တာမျိုးညွန့်က ဓါတ်ဆားထုပ်အရေအတွက် (၁၀၀,၀၀၀)နှင့် ရေသန့်ဆေးပြား(၃၀)ပါဘူး (၅၀၀) ဘူး တို့ကို လှူဒါန်းခဲ့ခြင်းဖြစ်ပြီး ကျန်းမာရေးဝန်ကြီးဌာန ပြည်သူ့ကျန်းမာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမြင့်မြင့်သန်းက လက်ခံခဲ့ကြောင်း MRCS ၏ လူမှုကရု ဏာလုပ်ငန်းဆိုင်ရာ ပြန်ကြားဆက်သွယ်ရေးဌာန အသိပေးထားသည်။

ပေးအပ်လှူဒါန်းပွဲအား ဇူလိုင်(၂၂)ရက် နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် ပြုလုပ်ခဲ့ရာ မြန်မာနိုင်ငံကြက်ခြေနီအသင်း ဥက္ကဋ္ဌနှင့်အတူ အချိန်ပြည့်အလုပ်အမှုဆောင် ပါမောက္ခဒေါက်တာဒေါ်ရီရီတင်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့သည်။

လှူဒါန်းမှုအား လက်ခံရယူသည့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနညွှန်ကြားရေးမှူးချုပ်နှင့်အတူ ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာထွန်းတင်နှင့် ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here