မှော်ဘီမြို့နယ် အမှတ်(၄)လမ်းမပေါ်တွင် Hilux နှင့် Light Truck တို့ အရှိန်လွန် တိုက်မိမှုဖြစ်ပွားရာ (၂)ဦး အသက်ဆုံးရှုံးခဲ့ပြီး (၆)ဦး ထိခိုက်ဒဏ်ရာရ

0
111

ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ အမှတ်(၄)လမ်းမပေါ်တွင် ယနေ့ ဇူလိုင် (၂၅)ရက် နံနက် (၇)နာရီ (၁၀)မိနစ် အချိန်ခန့်က Hilux ယာဉ်နှင့် Light Truck ယာဉ်တို့ အရှိန်လွန် တိုက်မိမှုဖြစ်ပွားရာ (၂)ဦး အသက်ဆုံးရှုံးခဲ့ရပြီး (၆)ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

မှော်ဘီမြို့နယ်၊ အမှတ်(၄)လမ်းမပေါ်တွင် ယာဉ် (၂)စီးတိုက်မိမှုဖြစ်ကြောင်း သတင်းအရ မှော်ဘီမြို့နယ်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေး ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုကူညီရေးအသင်းများဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ယာဉ်တိုက်မှုကြောင့် Hilux ယာဉ်ပေါ်ပါ အမျိုးသား (၁)ဦး၊ အမျိုးသမီး (၃)ဦး၊ စုစုပေါင်း (၄)ဦးအနက် အမျိုးသား (၁)ဦး၊ အမျိုးသမီး (၂)ဦး ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ) နှင့် အမျိုးသမီး (၁)ဦး အသက်ဆုံးရှုံးခဲ့ရကြောင်း သိရသည်။

ထို့ပြင် တစ်ဖက် Light Truck ယာဉ်ပေါ်ပါ အမျိုးသား (၃) ဦး၊ အမျိုးသမီး (၁)ဦး ၊ စုစုပေါင်း(၄)ဦးအနက် အမျိုးသား (၂)ဦး၊ အမျိုးသမီး (၁)ဦး ထိခိုက်ဒဏ်ရာ (မစိုးရိမ်ရ)နှင့် အမျိုးသား (၁)ဦး အသက်ဆုံးရှုံးခဲ့ရကြောင်း သိရသည်။

အဆိုပါ ထိခိုကိဒဏ်ရာရသူများနှင့် အသက်ဆုံးရှုံးသူများအား မြို့မလူမှုကူညီရေးအသင်းနှင့် မြင့်မြတ်စေတနာလူမှုကူညီရေးအသင်းတို့မှ သူနာတင်ယာဉ်များဖြင့် မှော်ဘီမြို့နယ်ပြည်သူ့ဆေးကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here