ရွေးကောက်ပွဲကျင်းပရန် ပြင်ဆင်နေခြင်းသည် ပြည်သူတစ်ရပ်လုံးအတွက် ကောင်းမွန်သော ထွက်ပေါက်တစ်ခုဟု ယုံကြည်ကြောင်း နိုင်ငံရေးပါတီ(၂၇) ပါတီ ပူးတွဲသဘောထားထုတ်ပြန်

0
101

နစက အနေဖြင့် လာမည့် ၂၀၂၅ ခုနှစ်အတွင်း ရွေးကောက်ပွဲကျင်းပရန်ပြင်ဆင်နေခြင်းသည် ဒီမိုကရေစီ နည်းလမ်းတကျ အစိုးရတစ်ရပ်ဖြစ်ပေါ်လာစေရန် ရည်ရွယ်ခြင်းဖြစ်ပြီး၊ ကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲ့အစည်းများအတွက် ထွက်ပေါက်မဟုတ်ဘဲ ပြည်သူလူထုတစ်ရပ်လုံးအတွက် ကောင်းမွန်သော ထွက်ပေါက်တစ်ခုဖြစ်သည်ဟု ယုံကြည်ကြောင်း နိုင်ငံရေးပါတီ (၂၇) ပါတီက ယမန်နေ့ ဇူလိုင် (၂၄)ရက်တွင် ပူးတွဲသဘောထား ထုတ်ပြန်ချက်တစ်စောင် ထုတ်ပြန်ကြေညာထားသည်။

အဆိုပါ သဘောထားကြေညာချက်တွင် ရွေးကောက်ပွဲကျင်းပပြုလုပ်ရန် ပြင်ဆင်နေခြင်းသည် နစက၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်အား အကောင်အထည်ဖော်သွားမည့် ခိုင်မာသော သန္နိဌာန် ဖြစ်ကြောင်း ၊ လက်ရှိ အခြေအနေအရ နိုင်ငံတော်တည်ငြိမ်အေးချမ်းမှုကို ပျက်ပြားစေရန်ရည်ရွယ်၍ NUG/ CRPH/PDF/ MNDAA/TNLA/AA အပါအဝင် NCA စာချုပ်အား ချိုးဖောက်သွားကြသည့် လက်နက်ကိုင်အဖွဲ့အစည်းအချို့နှင့် ၎င်းတို့အား နည်းလမ်းပေါင်းစုံဖြင့် ကူညီထောက်ပံ့နေသော ပြည်တွင်းပြည်ပရှိ အဖွဲ့အစည်းအချို့တို့သည် ဒို့တာဝန်အရေးသုံးပါးကို ဖျက်ဆီးနေသူများဖြစ်ကြောင်း ဖော်ပြထားသည်။

ရဟန်းသံဃာအပါအဝင် ပြည်သူလူထုနှင့် နိုင်ငံဝန်ထမ်းများ ၊ ကျောင်းသားကျောင်းသူနှင့် က-လေ-းငယ်များအား ဖမ်းဆီးခြင်း၊ ပြန်ပေးဆွဲခြင်းနှင့် သ – – တ်ခြင်း စသည့်တို့အပါအဝင် နိုင်ငံပိုင်၊ ပုဂ္ဂိကပိုင် အဆောက်အအုံများကို ဖျက်ဆီးခြင်း၊ ပြည်သူလူထုအား လူသားတံတိုင်းအကာအကွယ်ပြု၍ တိုက်ခိုက်ခြင်း၊ မြို့ရွာများအတွင်း လက်နက်ကြီး /ဒရုန်းများဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်း၊ အရွယ်မရော က်သေးသော လူငယ်များအား ဖမ်းဆီးခေါ်ဆောင် လက်နက်ကိုင်တိုက်ပွဲဝင်စေခြင်း၊ နယ်မြေတစ်ခုအတွင်း နှစ်ရှည် နေထိုင်နေကြသည့် လူမျိုးမတူသော အခြားတိုင်းရင်းသားမျိုးနွယ်စုများအား နေရပ်များမှ အတင်းအဓ္ဓမ စွန့်ခွာစေခြင်းနှင့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ တည်ဆဲဥပဒေနှင့် နိုင်ငံတကာဥပဒေများအား ရည်ရွယ်ချက်ရှိရှိ ချိုးဖောက်ခြင်းများ ကျုးလွန်နေကြသည်ဟုလည်း ရေးသားဖော်ပြထားသည်။

ယင်းကဲ့သို့သော အခြေအနေများသည် ပြည်သူလူထုအတွက် အနာဂတ် မျှော်လင့်ချက်များအားလုံး ကွယ်ပျောက်ခဲ့ရကြောင်းနှင့် ပြည်သူလူထု၏ မူလအခွင့်အရေးများ ပိတ်ဆို့ထားသကဲ့သို့ ခံစားနေရသဖြင့် အမြန်ဆုံးလွတ်မြောက်ရန် လိုအပ်မည်ဟု ရှုမြင်ကြောင်းလည်း ပါတီ(၂၇) ခုက ဆိုထားသည်။

ထို့ကြောင့် နစက၏ ၂၀၂၅ ခုနှစ်အတွင်း ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပရန် ပြင်ဆင်နေမှုအား အကြမ်းဖက်မှုကို လက်မခံသည့် ပြည်သူများကို ကိုယ်စားပြု၍ မိမိတို့ နိုင်ငံရေးပါတီများက ထောက်ခံ ကြိုဆိုကြောင်း နှင့် နိင်ငံတော် တည်ငြိမ်အေးချမ်းရေး၊ မြန်မာ့မြေပေါ်မှ အကြမ်းဖက်လုပ်ငန်းစဉ်များ ချုပ်ငြိမ်းရေးတို့အတွက် နိုင်ငံရေးနည်းလမ်းဖြင့် ဆက်လက် ကြိုးပမ်းဆောင်ရွက်သွားမည်ဟု သဘောထားထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here