ဆန်စပါးသိုလှောင်ရုံများ အနေဖြင့် MyRo တွင် မဖြစ်မနေ မှတ်ပုံတင်ဆောင်ရွက်ရန် ထပ်မံအသိပေး

0
308

ဆန်စပါးသိုလှောင်ရုံ ပိုင်ဆိုင်သူများအနေဖြင့် MyRo တွင် မဖြစ်မနေ မှတ်ပုံတင်ဆောင်ရွက်ရန် စီးပွါးရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနက ထပ်မံအသိပေးကြေညာထား သည်။

ပြည်တွင်းဆန်စပါးဖူလုံရေး၊ ပြည်ပသို့ စနစ်တကျတင်ပို့ရောင်းချနိုင်ရေး၊ ဆန်စပါး ဈေးကွက်နှင့် ဈေးနှုန်းတည်ငြိမ်မှန်ကန်စေရေးနှင့် ဆန်စပါးသိုလှောင်မှု အခြေအနေများကို စနစ်တကျ စာရင်းပြုစုမှတ်ပုံတင်ထားနိုင်ရေး၊ သိုလှောင်ရုံကုန်အပ်လက်မှတ်ကို အခြေပြုသည့် ငွေကြေးထောက်ပံ့မှုစနစ်အား ဖော်ဆောင်နိုင်ရေးတို့အတွက် Online Registration & Myanmar Rice Online (MyRo)-www.myro.co m.mm တွင် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၃) ရက်မှစတင်၍ မှတ်ပုံတင်ဆောင်ရွက်ရမည်ဟု အသိပေးကြေညာခဲ့ပြီးဖြစ်ကြောင်းလည်း စီး/ကူးက ထုတ်ပြန်ချက်တွင် ပြောသည်။

လက်ရှိတွင်မူ သိုလှောင်ရုံအရေအတွက် (၂၁၃)လုံး၊ တစ်ဦးချင်းလုပ်ငန်းရှင်များ၏ သိုလှောင်ရုံ (၅၁၃)လုံး စုစုပေါင်း သိုလှောင်ရုံ အရေအတွက် (၇၂၆)လုံး မှတ်ပုံတင်ဆောင်ရွက်ထားပြီး ဖြစ်ကာ ဆန်တန်ချိန် (၅၀) သိုမဟုတ် စပါးတင်း (၅၀၀၀)နှင့်အထက် သိုလှောင်သည့် ဆန်စပါးသိုလှောင်ရုံပိုင်ဆိုင်သူများအနေဖြင့် မိမိတို့၏ သိုလှောင်ရုံများကို Myanmar Rice Online (MyRo)-www.myro.com.mm တွင် မဖြစ်မနေ မှတ်ပုံတင်ဆောင်ရွက်ပေးကြပါရန် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထပ်မံအသိပေးကြေညာထားခြင်း ဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here