ဘရူနိုင်းနိုင်ငံ ကာဆူကာအသင်း
နှင့်‌ခြေစစ်ပွဲ အနိုင်ရခဲ့သည့် ရှမ်းယူနိုက်တက် အုပ်စုအဆင့် တက်ရောက်ပြီ

0
318

ASEAN Club Championship Shopee Cup 2024-25 ဘောလုံးပြိုင်ပွဲ ခြေစစ်ပွဲစဉ်တွင် ဘရူနိုင်းနိုင်ငံ ကာဆူကာအသင်းအား အနိုင်ရခဲ့သည့် ရှမ်းယူနိုက်တက်အသင်း အုပ်စုအဆင့် တက်ရောက်နိုင်ပြီဖြစ်သည်။

ယမန်နေ့ ဇူလိုင် (၂၄)ရက်က ယှဉ်ပြိုင်ကစားမှုတွင် ရှမ်းယူနိုက်တက်အသင်းက ကာဆူကာအသင်းကို (၃)ဂိုး(၁)ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး အုပ်စုအဆင့် တက်ရောက်ခဲ့ခြင်းလည်းဖြစ် သည်။

အုပ်စုအဆင့် တက်ရောက်နိုင်ခဲ့သည့် ရှမ်းယူနိုက်တက်အသင်းသည် အုပ်စု(A)အတွင်း ကျရောက်နေပြီး၊ ထိုင်းကလပ် BG Pathum United အသင်း ၊ မလေးရှားကလပ် Tereng ganu အသင်း၊ အင်ဒိုနီးရှားကလပ် PSM မာကာဆာ အသ င်း၊ ဗီယက်နမ်ကလပ် Dong A Thanh Hoa အသင်း ၊ က မ္ဘောဒီးယားကလပ် Svay Rieng အသင်းတို့နှင့် ဆက်လက် ယှဉ်ပြိုင်သွားရမည်ဖြစ်သည်။

ထို့ကြောင့် ရှမ်းယူနိုက်တက်အသင်းသည် လာမည့် ဩဂုတ် (၂၁ )ရက်တွင် ဗီယက်နမ်ကလပ် Dong A Thanh Hoa အ သင်းကို အဝေးကွင်း၌လည်းကောင်း၊ စက်တင်ဘာ (၂၅) ရက်တွင် အင်ဒိုနီးရှားကလပ် မာကာဆာအသင်းကို အဝေးကွင်း၌ ယှဉ်ပြိုင်ရမည်ဖြစ်သည်။

ထို့နောက် ၂၀၂၅ ခုနှစ် ဇန်နဝါရီ (၈) ရက်တွင် မလေးရှားက လပ် Terengganu အသင်းကို အိမ်ကွင်း၌ လည်းကောင်း၊ဇန်နဝါရီ (၂၂) ရက်တွင် ထိုင်းကလပ် BG Pathum United အသင်းကို အိမ်ကွင်း၌လည်းကောင်း၊ ဖေဖော်ဝါရီ (၅) ရက်တွင် ကမ္ဘောဒီးယားကလပ် Svay Rieng အသင်းကို အဝေးကွင်း၌ လည်းကောင်း အသီးသီးသွားရောက်ယှဥ်ပြိုင်ကစားရမည် ဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here