သက်သာသောနှုန်းထားဖြင့် ရန်ကုန်တွင် ဒုတိယအကြိမ်ဆေးဝါးများ ရောင်းချပေးမည်

0
123

ရန်ကုန်တွင် သက်သာသော နှုန်းထားဖြင့် ဒုတိယအကြိမ်ဆေးဝါးရောင်းချပေးမည့် အစီအစဉ်ကို ကမ္ဘာအေးဘုရားလမ်း၊ နဝဒေးရုပ်ရှင်ရုံအတွင်းရှိ မြန်မာ့ရုပ်ရှင်မြှင့်တင်ရေးဦးစီးဌာန အဆောက်အဦတွင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန မှ အသိပေးကြေညာထားသည်။

လာမည့် ဇူလိုင် (၂၉) ရက်မှ ဩဂုတ်လ (၃) ရက်အထိ ပြည်သူများလိုအပ်နေသည့် ဆေးဝါးများကို နံနက် (၉) နာရီမှ ညနေ (၄) နာရီအထိ ဆေးဝါးများရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် ဇူလိုင် (၁၇) ရက်တွင်လည်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ လမ်းညွှန်မှုဖြင့် မြန်မာနိုင်ငံဆေးနှင့် ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်းမှ ဦးဆောင်၍ ဆေးကုမ္ပဏီများမှ ပြည်သူများထံသို့ တိုက်ရိုက်ဆေးရောင်းချပွဲကို ရန်ကုန်မြို့၊ ကုန်သည်လမ်းနှင့် လမ်း (၃၀) ထောင့်ရှိ၊ မြန်မာကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးတွင် ရောင်းချပေးခဲ့သည်။

ယင်းအစီအစဉ်တွင် လူနာများ အသုံးများသည့် သွေးတိုးကျဆေး၊ သွေးကျဲဆေး၊ ဆီချိုဆေး၊ ဝမ်းနှင့်ပတ်သက်သည့် ဆေး၊ ကလေးဆေးများ၊ ဖျားနာပျောက်ဆေးများ အစရှိသည့်ဆေးဝါးများကို ဆေးကုမ္ပဏီပေါင်း (၅၀) ဝန်း ကျင်မှ ပြည်သူများလိုအပ်နေသည့်ဆေးဝါးများကို အပြင်ထက် (၁၀) ရာခိုင်နှုန်းလျှော့၍ ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

ပုံစာ – ဇူလိုင် ၁၇ ရက်တွင် မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးတွင်ရောင်းချသည့်ပုံရိပ်များ


LEAVE A REPLY

Please enter your comment!
Please enter your name here