တိုင်ဖွန်း Gaemi ကြောင့် ထိုင်ဝမ်ကမ်းလွန်မှာ ကုန်သင်္ဘောတစ်စင်း နစ်မြုပ်ခဲ့ပြီး မြန်မာသင်္ဘောသား ၉ ဦး ပျောက်ဆုံးလျက်ရှိ

0
334

ထိုင်ဝမ် ကုန်တွင်းပိုင်းကို တိုင်ဖွန်း Gaemi ဝင်ရောက်တိုက်ခတ်ခဲ့ပြီး လူနှစ်ဦး‌ေ‌-သဆုံးခဲ့ကာ ကျွန်းရဲ့ ကမ်းလွန်ရေပြင်မှာ ဆိုးဝါးတဲ့ရာသီဥတု အခြေအနေကြောင့် ကုန်သင်္ဘောတစ်စင်း နစ်မြုပ်ခဲ့ရာမှာ မြန်မာသင်္ဘောသား ၉ ဦး ပျောက်ဆုံးလျက်ရှိတယ်လို့ သိရပါတယ်။ ဒီနေ့(ဇူလိုင် ၂၅) မှာတော့ မုန်တိုင်းဟာ တရုတ်နိုင်ငံကို တောင်ပိုင်းကို ဦးတည်တိုက်ခတ်နေတယ်လို့လည်း သိရပါတယ်။

၈ နှစ်အတွင်း ထိုင်ဝမ်ကို အားအပြင်းဆုံး တိုင်ဖွန်းအဖြစ် ဝင်ရောက်လာတဲ့ Gaemi ကြောင့် အာဏာပိုင်တွေဟာ စာသင်ကျောင်းတွေ၊ ရုံးဋ္ဌာနတွေကို ကြိုတင်ပိတ်ထားစေခဲ့သလို စတော့ဈေးကွက်ကိုလည်း ရပ်ဆိုင်းထားကာ လူ ထောင်နဲ့ချီကို ဘေးကင်းရာနေရာတွေဆီ ရွှေ့ပြောင်းပေးထားခဲ့တာဖြစ်ပါတယ်။

ထိုင်ဝမ်ကို ဦးတည်တိုက်ခတ်ခဲ့တဲ့ Gaemi ဟာ ဖိလစ်ပိုင်မှာလည်း ရာသီအလိုက် မိုးရွာသွန်းမှုတွေကို ပိုမိုဆိုးဝါးသွားစေခဲ့ပြီး ရေကြီးမှုနဲ့ မြေပြိုမှုတွေကြောင့် လူ ခြောက်ဦး ‌ေ-သဆုံးခဲ့ကြောင်း သိရပါတယ်။ ဒါ့အပြင် ကြာသပတေးနေ့မှာ လောင်စာဆီ လီတာ ၁.၄ သန်းတင်ဆောင်လာတဲ့ ရေနံတင်သင်္ဘောတစ်စင်း မနီလာကမ်းလွန်မှာ နစ်မြုပ်သွားတာကြောင့် လောင်စာဆီယိုဖိတ်မှုကို ထိန်းချုပ်နိုင်ဖို့ အာဏာပိုင်တွေ အသည်းအသန် ကြိုးပမ်းလျက်ရှိကြောင်း သိရပါတယ်။

ထိုင်ဝမ် မီးသတ်တပ်ဖွဲ့ရဲ့အဆိုအရ ကြာသပတေးနေ့အစောပိုင်းက ကျွန်းရဲ့တောင်ပိုင်း ကမ်းလွန်မှာ ကုန်သင်္ဘောတစ်စင်း နစ်မြုပ်ခဲ့ကြောင်းနဲ့ ယင်းသင်္ဘောပေါ်ပါ မြန်မာသင်္ဘောသား ၉ ဦး အသက်ကယ်အင်္ကျီတွေဝတ်ကာ သင်္ဘောကို စွန့်ခွာခဲ့ရတယ်လို့ သတင်းရရှိခဲ့ကြောင်း ဆိုခဲ့ပါတယ်။

“သူတို့ပင်လယ်ထဲ ခုန်ချခဲ့ကြရပြီး အဲဒီရေထဲမှာပဲ မျောပါနေခဲ့ပါတယ်” လို့ မီးသတ်ဋ္ဌာန အကြီးအကဲ Hsiao Huan-chang က ပြောခဲ့ပြီး ကယ်ဆယ်ရေးသမားတွေက နီးစပ်ရာ ထိုင်ဝမ်ကုန်သင်္ဘောတစ်စင်းကို ဆက်သွယ်ကာ သူတို့ကို အကူအညီပေးဖို့ အကြောင်းကြားထားတယ်လို့လည်း ပြောဆိုခဲ့ပါတယ်။

တန်ဇန်နီးယားအလံလွှင့် ယင်းသင်္ဘောဘယ်အချိန်က နစ်မြုပ်သွားခဲ့တာလဲဆိုတာကိုတော့ Hsiao က အတိအကျပြောဆိုခဲ့ခြင်း မရှိပေမယ့် ကယ်ဆယ်ရေးသင်္ဘောဟာ ဒေသစံတော်ချိန် မနက် ၈း၃၅ နာရီမှာ ယင်းရေပြင်ဧရိယာကို ရောက်ရှိသွားခဲ့တယ်လို့ ပြောဆိုပါတယ်။

ထိုင်ဝမ်သင်္ဘော ရောက်သွားချိန်မှာ မြင်ကွင်းအရမ်းဆိုးဝါးနေသလို လေကလည်းပြင်းနေတယ်လို့ သူက သတင်းထောက်တွေကို ပြောဆိုခဲ့ပါတယ်။ သတင်းစာရှင်းလင်းပွဲအပြီး မီးသတ်ဋ္ဌာနမှ အခြားအရာရှိတစ်ဦးက AFP ကို ပြောဆိုရာမှာတော့ သင်္ဘောသားတွေ ခုထိ ပျောက်ဆုံးနေဆဲဖြစ်တယ်လို့ ဆိုပါတယ်။

Gaemi ဟာ ဗုဒ္ဓဟူးနေ့ညပိုင်းမှာ ထိုင်ဝမ် ကုန်တွင်းပိုင်းကို အမြင့်ဆုံး လေတိုက်နှုန်း တစ်နာရီ ၁၁၈ မိုင်နှုန်းနဲ့ ဝင်ရောက်တိုက်ခတ်ခဲ့တယ်လို့ သိရပါတယ်။

Ref: Barron’s


LEAVE A REPLY

Please enter your comment!
Please enter your name here