မနီလာကမ်းလွန်မှာ ရေနံတင်သင်္ဘော နစ်မြုပ်ခဲ့ပြီးနောက် လောင်စာဆီယိုဖိတ်မှုကို ထိန်းချုပ်နိုင်ဖို့ အပူတပြင်း ဆောင်ရွက်နေ

0
217

စက်မှုလုပ်ငန်းသုံး လောင်စာဆီ လီတာ ၁.၄ သန်းတင်ဆောင်လာတဲ့ ဖိလစ်ပိုင်နိုင်ငံအလံလွှင့် ရေနံတင်သင်္ဘောတစ်စင်းဟာ ကြာသပတေးနေ့က မနီလာကမ်းလွန်မှာ တိမ်းမှောက်နစ်မြုပ်ခဲ့တာကြောင့် လောင်စာဆီယိုဖိတ်မှုကို ထိန်းချုပ်နိုင်ရေး အပူတပြင်းလုပ်ဆောင်နေတယ်လို့ အာဏာပိုင်တွေက ပြောဆိုပါတယ်။

ဘာတန်ပြည်နယ် ကမ်းရိုးတန်းမြို့ လီမေအနီး ၄.၃ မိုင်အကွာ မနီလာပင်လယ်အော်မှာ MT Terra Nova ရေနံတင်သင်္ဘောနစ်မြုပ်ခဲ့ရာမှာ သင်္ဘောသားတစ်ဦး ‌ေ-သဆုံးခဲ့တယ်လို့လည်း သိရပါတယ်။

မကြာခင်ရက်တွေကစလို့ မနီလာနဲ့ ပတ်ဝန်းကျင်ဒေသတွေမှာ ရာသီမိုးသည်းထန်စွာရွာသွန်းမှုတွေ ရှိနေခဲ့တာဖြစ်ပြီး လက်ရှိဖြစ်ပေါ်နေတဲ့ တိုင်ဖွန်းမုန်တိုင်း Gaemi ကြောင့် မိုးရွာသွန်းမှုပိုမိုဆိုးဝါးလာခဲ့ကာ ပင်လယ်ပြင် လှိုင်းကြီးလေထန်နေချိန်မှာ ရေနံတင်သင်္ဘော နစ်မြုပ်ခဲ့ရတာဖြစ်ပါတယ်။

ကီလိုမီတာများစွာရှည်လျားတဲ့ လောင်စာဆီယိုဖိတ်မှုကို တွေ့ရှိထားပြီး ဖိလစ်ပိုင်ကမ်းခြေစောင့်တပ်က လောင်စာဆီတွေကို ခွဲထုတ်စုပ်ယူဖို့နဲ့ ရေပေါ်အတားအဆီးတွေလုပ်ဖို့ ပြင်ဆင်နေတယ်လို့ ဆိုပါတယ်။

အာဏာပိုင်တွေအနေနဲ့ ယိုဖိတ်လောင်စာဆီတွေကို ထိန်းချုပ်ဖို့၊ လောင်စာဆီတွေ ထပ်မံယိုဖိတ်ခြင်း မရှိစေဖို့အတွက် အချိန်လုလုပ် ဆောင်နေတယ်လို့ ကမ်းခြေ စောင့်တပ် ပြောရေးဆိုခွင့်ရှိသူ ရေတပ်ဗိုလ်ချုပ်ကြီး အာနန်ဒို ဘာလစ်လိုက ကြာသပတေးနေ့အစောပိုင်း သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့ပါတယ်။

လက်ရှိအထိတော့ ရေနံတင်သင်္ဘောစွမ်းအင်အတွက် အသုံးပြုတဲ့ ဒီဇယ်ဆီတွေသာ ပင်လယ်ပြင်ထဲယိုဖိတ်ခဲ့ပုံရသေးပြီး တင်ဆောင်လာတဲ့ စက်မှုလုပ်ငန်းသုံး လောင်စာဆီတွေ ယိုဖိတ်ခြင်းမဟုတ်သေးဘူးလို့ ဘာလစ်လိုက ပြောဆိုခဲ့ပါတယ်။

သို့ပေမယ့် သင်္ဘောပေါ်ပါတဲ့ စက်မှုလုပ်ငန်းသုံးလောင်စာဆီအားလုံး ယိုဖိတ်ခဲ့ပြီဆိုရင်တော့ ဖိလစ်ပိုင်နိုင်ငံသမိုင်းမှာ အကြီးမားဆုံး လောင်စာဆီယိုဖိတ်မှုဖြစ်စဉ် ဖြစ်လာလိမ့်မယ်လို့လည်း သူက သတိပေးခဲ့ပါတယ်။

Ref: Frence24


LEAVE A REPLY

Please enter your comment!
Please enter your name here