နစကဥက္ကဋ္ဌထံ ဘင်းမ်စတက်အဖွဲ့ဝင်နိုင်ငံများမှအမျိုးသားလုံခြုံရေးဆိုင်ရာ အကြီးအကဲများနှင့် ဘင်းမ်စတက်အတွင်းရေးမှူးချုပ်တို့လာရောက်တွေ့ဆုံ

0
95

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံ ဘင်းမ်စတက်အဖွဲ့ဝင်နိုင်ငံများမှ အမျိုးသားလုံခြုံရေးဆိုင်ရာအကြီးအကဲများနှင့် ဘင်းမ်စတက်အတွင်းရေးမှူးချုပ်တို့ ယနေ့ဇူလိုင် ၂၅တွင် လာရောက်တွေ့ဆုံခဲ့ကြောင်း သိရသည်။

၄င်းတို့သည် မြန်မာနိုင်ငံကအိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် စတုတ္ထအကြိမ်မြောက်ဘင်းမ်စတက်အမျိုးသားလုံခြုံရေးဆိုင်ရာအကြီးအကဲများ အစည်းအဝေးသို့ တက်ရောက်ရန်ရောက်ရှိနေစဉ်နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး သံတမန်ဆောင်ဧည့်ခန်းမ၌ လာရောက် တွေ့ဆုံခြင်း ဖြစ်သည်။

ထိုသို့တွေ့ဆုံစဉ် နစကဥက္ကဌထံ ၄င်းတို့က ဘင်းမ်စတက်အဖွဲ့အစည်းနှင့်ပတ်သက်၍ ပူးပေါင်းဆောင်ရွက်နေမှုနှင့် ရင်ဆိုင်ကြုံတွေ့ နေရသည့် စိန်ခေါ်မှုများ၊ယင်းစိန်ခေါ်မှုများကို ပူးပေါင်းအဖြေရှာ၍ ဖြေရှင်းဆောင်ရွက်သွားရမည့်အခြေအနေ များနှင့် ပတ်သက်၍ တစ်ဦးချင်းရှင်းလင်းကြကြောင်း သိရသည်။

ထို့အပြင် ဘင်းမ်စတက်အဖွဲ့အစည်း ပေါ်ပေါက်လာမှုအခြေအနေနှင့်ရည်ရွယ်ချက်များ၊ ဘင်းမ်စတက်အဖွဲ့ဝင်နိုင်ငံများအချင်းချင်း စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေး၊ တည်ငြိမ်အေးချမ်းရေး၊ လူမှုရေးဆိုင်ရာလိုအပ်ချက်များနှင့် ဆက်သွယ်ရေးဆိုင်ရာကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်လျက်ရှိမှု၊ အဖွဲ့ဝင်နိုင်ငံများအကြား
မူးယစ်ဆေးဝါးတိုက်ဖျက်ရေး၊ အကြမ်းဖက်မှုနှိမ်နင်းရေး၊ လူကုန်ကူးမှုနှင့် ဆိုက်ဘာလုံခြုံရေး ဆိုင်ရာကိစ္စရပ်များ၌ ပူးပေါင်းဆောင်ရွက်လျက်ရှိမှု အခြေအနေများနှင့်အဖွဲ့ဝင်နိုင်ငံများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာကိစ္စရပ်များ၊ ဒေသတွင်းနိုင်ငံများအချင်းချင်း ပူးပေါင်းဆောင်ရွက်မှုများမှတစ်ဆင့် တွေ့ကြုံနေရသည့်စိန်ခေါ်မှုများကိုဖြေရှင်း ဆောင်ရွက်နိုင်မည့်အခြေအနေများ၊ မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် စတုတ္ထအကြိမ်မြောက် ဘင်းမ်စတက်အမျိုးသားလုံခြုံရေးဆိုင်ရာအကြီးအကဲများအစည်းအဝေးကို ပွင့်လင်းမြင်သာမှုရှိစွာနှင့် အောင်မြင်စွာကျင်းပနိုင်ရေးကိစ္စရပ်များ၊ ထိုင်းနိုင်ငံတွင်ကျင်းပမည့် ဘင်းမ်စတက်ထိပ်သီးအစည်းအဝေးအောင်မြင်စွာကျင်းပနိုင်ရေး ကိစ္စရပ်များ၊ မြန်မာနိုင်ငံ၏ နိုင်ငံရေးဖြစ်ပေါ်တိုးတက်ပြောင်းလဲလာမှု အခြေအနေများနှင့် လွတ်လပ်ပြီးတရားမျှတသည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်လျက်ရှိမှုအခြေအနေများနှင့် စပ်လျဉ်း၍ ရင်းရင်းနှီးနှီးဆွေးနွေးခဲ့ကြကြောင်း သိရသည်။

အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အတူ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်၊ ဒုတိယဝန်ကြီးချုပ်နှင့်နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံးဝန်ကြီးဌာန (၁)ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမိုးအောင်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်နှင့်တာဝန်ရှိသူများတက်ရောက်ကြပြီး အမျိုးသားလုံခြုံရေးဆိုင်ရာ အကြီးအကဲများဖြစ်ကြသည့် အိန္ဒိယနိုင်ငံမှ H.E. Shri Ajit Doval ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ AmbassadorAbdul Motaleb Sarker ၊ ဘူတန်နိုင်ငံမှ Mr. Sonam Wangyel ၊ နီပေါနိုင်ငံမှ H.E. Mr.Harishchandra GhimireGeneral Kamal Gunaratne (Retd)WWV RWP RSP USP Ndc psc MPhil 1 : Ms. Kanyarat Angkanavisalya Jနှင့် ဘင်းမ်စတက်အတွင်းရေးမှူးချုပ် H.E. Mr. Indra Mani Pandey တို့တက်ရောက်ခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here