ရန်ကုန် – နေပြည်တော် အမြန်လမ်းမကြီးတွင် အိမ်စီးကား တစ်စီးမှ ယာဉ်မတော်တဆမှု ဖြစ်ပွားရာ ယာဉ်ပေါ်ပါ အမျိုးသား (၃)ဦးအနက် (၂)ဦး အသက်ဆုံးရှုံးခဲ့ရ

0
321

ရန်ကုန် – နေပြည်တော် အမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ် ၁၇၁/၀ အနီးတွင် အိမ်စီးကားတစ်စီး အရှိန်လွန်ကာ လမ်းဘေးရှိ Guard rail တန်းအား တိုက်မိရာမှ ယာဉ်ပေါ်ပါ အမျိုးသား (၃)ဦးအနက် (၂)ဦးမှာ အသက်ဆုံးရှုံးခဲ့ကြောင်း မီးသတ်တပ်ဖွဲ့ သတင်းများအရ သိရသည်။

ယနေ့ ဇူလိုင် (၂၆) ရက်၊ နံနက် (၆)နာရီ (၂၀)မိနစ်အချိန်ခန့်က ၎င်းနေရာတွင် Hondafit အမျိုးအစား (အနက်ရောင်) ယာဉ်မှ Guard rail တန်းအား တိုက်မိပြီး ယာဉ်မတော်တဆမှုဖြစ်ပွားကြောင်း သတင်းအရ သာဂရအမြန်လမ်းမီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ သန္ဓေ မီးသတ်တပ်ဖွဲ့ဝင်များဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ယာဉ်တိုက်မှုဖြစ်စဉ်ကြောင့် ယာဉ်ပေါ်ပါအမျိုးသား (၃)ဦးအနက် အမျိုးသား (၁)ဦးမှ ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ) နှင့် အမျိုးသား (၂)ဦး အသက်ဆုံးရှုံးခဲ့ရပြီး ၎င်းတို့အား ဆွာ နာရေးလူမှုကူညီရေးအသင်းပိုင် လူနာတင်ယာဉ်ဖြင့် နေပြည်တော်ကုတင်(၁၀၀၀)ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here