ကွမ်းခြံကုန်းမြို့နယ် ကညင်ကုန်းကျေးရွာတွင် လေဆင်နှာမောင်း တိုက်ခတ်မှုကြောင့် နေအိမ်များပေါ်သို့ သစ်ပင်ကြီးများ လဲကျပြီး နေအိမ်အချို့ ပျက်စီး

0
105

ရန်ကုန်တိုင်းဒေသကြီး၊ ကွမ်းခြံကုန်းမြို့နယ်၊ ကညင်ကုန်းကျေးရွာတွင် လေဆင်နှာမောင်း တိုက်ခတ်မှုကြောင့် နေအိမ်များပေါ်သို့ သစ်ပင်ကြီးများ လဲကျပြီး နေအိမ်အချို့ ပျက်စီးခဲ့ရကြောင်း မီးသတ်တပ်ဖွဲ့နှင့် ဒေသခံတို့ထံမှ သိရသည်။

ယနေ့ ဇူလိုင် (၂၆)ရက်၊ နံနက် (၄)နာရီ (၄၄)မိနစ်အချိန်ခန့်က ကွမ်းခြံကုန်းမြို့နယ်၊ ကညင်ကုန်းကျေးရွာတွင် လေဆင်နှာမောင်း တိုက်ခတ်မှုဖြစ်ပွားခဲ့ကြောင်း သတင်းအရ ကွမ်းခြံကုန်းမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၂)စီး၊ ကော့မှူးမြို့နယ် မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

ထိုသို့ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများနှင့် ရှင်းလင်းရေးလုပ်ငန်းများ လုပ်ဆောင်ရာတွင် သစ်ပင်ကြီးများအား ဖယ်ရှားရှင်းလင်းခဲ့ပြီး နေအိမ်မည်မျှ ပျက်စီးသည်ကို မသိရှိရသေးဘဲ ဖြစ်စဉ်ကြောင့် လူထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်း ဒေသတွင်း သတင်းများအရ သိရသည်။

လက်ရှိတွင် မိုးသည်းထန်စွာ ရွာသွန်းမှုများကြောင့် မြစ်ရေကြီးခြင်း ရေကြီးရေလျှံမှုများ ဖြစ်ပေါ်လျက်ရှိပြီး ဒေသအချို့တွင်လည်း သစ်ပင်ကြီးများ လဲကျမှုများဖြစ်ပေါ်နေရကြောင်း သတင်းများအရ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here