မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေး၊ သံဖြူဇရပ်နှင့် ချောင်းဆုံတွင် ရေကြီးနေ

0
99

မွန်ပြည်နယ်အတွင်းရှိ ရေး၊ သံဖြူဇရပ်နှင့် ချောင်းဆုံတို့တွင် မိုးသည်းထန်စွာ ရွာသွန်းခြင်းကြောင့် အနိမ့်ပိုင်းနေရာများတွင် ရေကြီး‌ရေလျှံ ဖြစ်ပေါ်နေကြောင်း ဒေသခံများမှ စုံစမ်းသိရှိရသည်။

ဇူလိုင် (၂၃) ရက်မှစတင်ပြီး မိုးသည်းထန်စွာ ရွာသွန်းခြင်းကြောင့် မြစ်ရေ၊ ချောင်းရေ မြင့်တက်လာပြီး နေအိမ်များသို့ ရေဝင်ရောက်မှုရှိသလို ကားလမ်းရေကျော်မှုများလည်း ဖြစ်ပွားနေကြောင်း သိရသည်။

ထို့ပြင် သံဖြူဇရပ်မြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းပြီး သံဖြူဇရပ် -‌ မော်လမြိုင်ကားလမ်း ရေကျော်နေသလို အနိမ့်ပိုင်းရပ်ကွက်များဖြစ်သည့် စက်သစ်ရပ်ကွက်နှင့် ဆည်မြောင်းပိုင်းတို့တွင် ရေဝင်ရောက်မှုရှိနေပြီး ပြည်သူများအနေဖြင့် သတိ‌ဖြင့်နေထိုင်ကြရန် လူမူကူညီရေးအသင်းများက တိုက်တွန်းထားသည်။

သံဖြူဇရပ်မြို့နယ်၊ ပင နှင့် ကရုပ္ပိကို ဆက်သွယ်ထားသည့် လမ်းပေါ်တွင်လည်း ရေ (၂) ပေခွဲကျော် မြင့်တက်နေခြင်းကြောင့် ဇူလိုင် ၂၅ ရက်မှစပြီး ကားသေးနှင့် ဆိုင်ကယ်များ ဖြတ်သန်းသွားလာခွင့် မပြုတော့ကြောင်း သိရသည်။

ထို့ပြင် ရေး – မော်လမြိုင် ပြည်ထောင်စုလမ်းပိုင်းရှိ (၄) နေရာလောက်တွင် ရေကျော်နေခြင်းကြောင့် သွားလာရ ခက်ခဲနေကြောင်း သိရသည်။

မွန်ပြည်နယ်တွင် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်က ရေကြီးမှုကြောင့် လူ (၆)ဦး‌ေ-သဆုံးပြီး ‌ဒေသခံပြည်သူ (၃၀,၀၀၀)ကျော် ရေဘေးသင့်ခဲ့သည့်အပြင် လယ်ဧက (၁) သိန်းဝန်းကျင် ရေမြုပ်‌ခဲ့ကာ ဧက ၃၀,၀၀၀ ကျော် ပျက်စီးခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here