နေတိုးသည် မယုံရဟု ရုရှားဆို

0
147

နေတိုး၏ လိ-မ်လည်လှည့်ဖြားမှုကို သတိပြုမိသောကြောင့် ရုရှားနိုင်ငံအနေဖြင့် နေတိုးကို မယုံကြည်နိုင်ဟု သမ္မတလက်ထောက် Nikolay Patrushev က Rossiyskaya Gazeta နေ့စဉ်နှင့် အင်တာဗျူးတွင် ပြောကြားခဲ့သည်။

မြောက်အတ္တလန္တိတ် မဟာမိတ်အဖွဲ့မှ ရှေ့နောက်မညီသည့် ထုတ်ပြန်ချက်များနှင့်ပတ်သက်၍ Patrushev က မှတ်ချက်ပြုခဲ့ခြင်းဖြစ်သည်။ တစ်ဖက်တွင်၊ နေတိုးသည် ဒေသတွင်းအဖွဲ့အစည်းတစ်ခုအဖြစ် ရပ်တည်နေပြီး၊ အခြားတစ်ဖက်တွင်မူ အာရှ-ပစိဖိတ်ဒေသကို ၎င်း၏အကျိုးစီးပွားနယ်ပယ်အဖြစ် ပွင့်ပွင့်လင်းလင်း သတ်မှတ်ထားသည်။

“လိ-မ်ညာခြင်းသည် မြောက်အတ္တလန္တိတ်စာချုပ်အဖွဲ့နှင့် ၎င်း၏ခေါင်းဆောင်များ – အမေရိကန်နှင့် ဗြိတိန်တို့၏ အခြေခံမူဖြစ်သည်၊ ထို့ကြောင့် နေတိုးမဟာမိတ်အဖွဲ့ကို ယုံကြည်နိုင်မည်မဟုတ်” ဟု ရုရှားသမ္မတလက်ထောက်က ဆိုသည်။

နေတို့အဖွဲ့ဝင်နိုင်ငံများသည် ရုရှား၏ မိတ်ဆွေများအဖြစ် ဟန်ဆောင်ကာ အရှေ့ဘက်သို့ ချဲ့ထွင်ခြင်းမပြုရန် ကတိပြုခဲ့ပြီးနောက် ယခုအခါတွင်မူ ၎င်းတို့သည် ရုရှားနိုင်ငံသည် အဓိကခြိမ်းခြောက်မှုဟု ပွင့်ပွင့်လင်းလင်း ပြောနေကြပြန်ကြောင်း Patrushev က ထပ်လောင်းပြောကြားခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here