မြန်မာနယ်စပ်တိုက်ပွဲများကို တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက အနီးကပ်စောင့်ကြည့်နေ

0
132

နယ်စပ် ပြည်သူများဘေးကင်းရေး၊ မြန်မာနိုင်ငံရှိ တရုတ်စီမံကိန်းများ၊စီးပွားရေး လုပ်ငန်းများနှင့် ဝန်ထမ်းများကိုထိခိုက်မှုမရှိစေရေးအတွက်လည်းသတိပေးထား

တရုတ်နိုင်ငံခြားရေးဌာန ပြောရေး ဆိုခွင့်ရှိသူ မော်နင် ၏ ပုံမှန်သတင်းစာရှင်းလင်းပွဲကို ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၂၅ ရက်နေ့ကကျင်းပခဲ့သည်။

ထိုပွဲတွင်ရိုက်တာ သတင်းဌာနက မြန်မာ-တရုတ်နယ်စပ်နဲ့ နီးကပ်တဲ့ လားရှိုးမြို့ရှိ မြန်မာ့တပ်မတော်ဌာနချုပ်ကို တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ကထိုးစစ်ဆင် တိုက်ခိုက်ခဲ့မှုအပေါ် တရုတ် အနေနဲ့ မှတ်ချက်ပေးလိုတာ ရှိပါလားဟုမေးမြန်းခဲ့သည်။

နယ်စပ်တိုက်ပွဲများကို တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက အနီးကပ်စောင့်ကြည့်နေကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မော်နင်ကပြောကြားခဲ့သည်။

မြန်မာနိုင်ငံရှိ သက်ဆိုင်ရာအဖွဲ့အစည်းများအနေဖြင့် တွေ့ဆုံဆွေးနွေးပြီး ညှိနှိုင်းအဖြေရှာကြရန်နှင့် ရန်လိုမှုများကို အမြန်ဆုံးရပ်တန့်ရန်၊အငြင်းပွားမှုများကို ငြိမ်းချမ်းသော နည်းလမ်းဖြင့်ဖြေရှင်းကြရန် တိုက်တွန်းထားပြီး တရုတ်နိုင်ငံ၏နယ်စပ်ဒေသတွင် နေထိုင်ကြသည့် ပြည်သူများ၏ ဘေးကင်းရေးအပြင် မြန်မာနိုင်ငံရှိ တရုတ်စီမံကိန်းများ၊စီးပွားရေး လုပ်ငန်းများနှင့် ဝန်ထမ်းများ၊တရုတ်နိုင်ငံ၏ နယ်စပ်လုံခြုံရေးများကိုထိခိုက်မှုမရှိစေရေးအတွက်လည်းသတိပေးထားကြောင်း မော်နင်ကပြောကြားခဲ့သည်။

ထို့ပြင် တရုတ်နိုင်ငံအနေဖြင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများကို ဆက်လက်မြှင့်တင်ပြီး မြန်မာနိုင်ငံမြောက်ပိုင်းတွင် အပစ်အခတ်ရပ်စဲရေးနှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ကို အရှိန်အဟုန်ဖြင့်လုပ်‌ဆောင်မှု ကို ထိန်းသိမ်းထားရန်လည်း တိုက်တွန်းသွားမည်ဖြစ်ကြောင်းပြောကြားခဲ့သည်။

Source : တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန


LEAVE A REPLY

Please enter your comment!
Please enter your name here