ဘီးလင်း မစောတံတားရေကျော်သဖြင့် ယာယီဖြတ်သန်းသွားလာခွင့်ပိတ်

0
83

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ် မစောတံတားမှာ တောင်ကျ ချောင်းရေကြောင့် ရေနစ်မြှပ်နေသဖြင့် ယနေ့ ဇူလိုင် (၂၆) ရက် နံနက်ပိုင်းမှစတင်၍ ယာယီဖြတ်သန်းသွားလာခွင့်ပိတ်ထားပြီဖြစ်ကြောင့် ဒေသခံလူမှုကယ်ဆယ်ရေးတာဝန်ခံတစ်ဦးက ပေါ်ပြူလာနယူးစ်သို့ ပြောသည်။

“ကားတွေသွားဖို့ လမ်းက မမြင်ရတော့ဘူး။ ဒါကြောင့်ကျွန်တော်တို့ ယာယီပိတ်ထားပါတယ်။ မနှစ်ကလည်း ရေကျော်နေတာကို သွားလို့ ကုန်ကား(၅)စီးလောက် တံတားဘေးချောက်ထဲပြုတ်ကျဖူးတယ်။ ဒါကြောင့် ယာယီပိတ်ထားရတာပါ”ဟု ၎င်းက ပြောသည်။

ဘီးလင်းမြစ်ရေသည် ယနေ့ ဇူလိုင်လ (၂၆) ရက်၊ နံနက်ပိုင်း တိုင်းတာချက်အရ စိုးရိမ်ရေမှတ်ကျော်လွန်ကာ (၁၁၀၇ )စင်တီမီတာသို့ ရောက်ရှိနေပြီဖြစ်ကြောင်း သိရသည်။

ဘီးလင်းမြစ်ရေ မြင့်တက်လာသည့်အတွက် တောင်ကလေးနှင့်ဘီးလင်းတံတားကြား၊ တောင်ကလေးနှင့်မစောတံတာကြား၊ မစောတံတားနှင့် ကဇိုင်းတံတားကြားများတွင်‌ ရေနစ်မြှပ်မှုများဖြစ်ပွားနေပြီး ရေပြင်အကျယ် ပေ(၇၀၀)မှ ပေ (၅၀၀)အထိရှိနေပြီ အနက်ပေ (၄)ပေခန့်အထိ ရှိနိုင်သည်ဟု ၎င်းက ဆိုသည်။

ထို့ပြင် ဘီးလင်းမြို့အနိမ့်ရပ်ကွက်များနှင့် ဘီးလင်းမြစ်က မ်း တလျှောက်ကျေးရွာများ ရေနစ်မြှုပ်မှု ဖြစ်ပွားလျက်ရှိကာ၊ ဒေသခံများ ရေဘေးလွတ်ရာသို့ ပြောင်းရွှေ့ပေးနေပြီး စားသောက်ရေးအတွက် ဒေသတွင်း ပရဟိတအဖွဲ့များ ကူ ညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ဓာတ်ပုံ-CJ(ပေးပို့)


LEAVE A REPLY

Please enter your comment!
Please enter your name here