ပြည်တွင်းစက်သုံးဆီဈေးနှုန်း ထပ်မံကျဆင်းလာ

0
256

ယခုတစ်ပါတ်တွင်လည်း ပြည်တွင်းစက်သုံးဆီဈေးနှုန်းများ ထပ်မံကျဆင်းလာသော်လည်း ဆီဝယ်မရသည့်အခက်အခဲများရှိနေကြောင်း အငှားယာဉ်မောင်းများ၏ ပြောပြချက်အရ သိရသည်။

စင်ကာပူနိုင်ငံ၏ MOPS ဈေးနှုန်းသည်လည်း အတတ်အကျမရှိ ပုံမှန်အတိုင်းရှိနေပြီး ပြည်တွင်းစက်သုံးဆီဈေးနှုန်းမှာ နှစ်ပတ်ဆက်တိုက်ကျဆင်းလာကြောင်း ဖော်ပြထားသည့်ဈေးနှုန်းများအရ သိရသည်။

ယနေ့ ဇူလိုင်လ (၂၆) ရက် စက်သုံးဆီဆိုင်များတွင် ရောင်းချလျက်ရှိသည့် ဈေးနှုန်းများအရ ၉၂ တစ်လီတာ ၂၆၃၀ ကျပ်၊ ၉၅ တစ်လီတာ ၂၇၃၀ ကျပ်၊ ရိုးရိုးဒီဇယ် တစ်လီတာ ၂၃၆၅ ကျပ်၊ ပရီမီယံဒီဇယ် တစ်လီတာ၂၇၇၀ ကျပ်ဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့်တစ်ပါတ်တွင် စက်သုံးဆီဆိုင်များ၌ ရောင်းချခဲ့သည့် ဈေးနှုန်းများမှာ ၉၂ တစ်လီတာ ၂၆၈၅ ကျပ်၊ ၉၅ တစ်လီတာ ၂၈၀၅ ကျပ်၊ ရိုးရိုးဒီဇယ် တစ်လီတာ ၂၄၁၅ ကျပ်၊ ပရီမီယံဒီဇယ်တစ်လီတာ ၂၈၃၅ ကျပ် ဖြစ်ကြောင်း သိရသည်။

” ဆီဈေးကျတော့မဆိုးဘူး။ အဆင်ပြေတာပေါ့။ ဒါပေမဲ့ဆီဈေးကျသွားတိုင်း ဆီကဝယ်လို့ မရတော့ဘူး။ အဲဒါကအဆင်မပြေဘူး။ ဈေးတတ်တဲ့ အချိန်ကျဝယ်လို့ရပြီးတော့ ဈေးကျတဲ့အချိန်မှ ဝယ်မရတော့ဘူး” ဟု ရန်ကုန်မြို့ရှိ အငှားယာဉ်မောင်းတစ်ဦးက ပြောသည်။

ပြည်တွင်းစက်သုံးဆီဈေးနှုန်းသည် အတတ်အကျမမှန်သလို နယ်မြို့များရှိ စက်သုံးဆီဈေးနှုန်းသည် ရန်ကုန်ထက်ပိုများခြင်းကြောင့် သယ်ယူပို့ဆောင်စရိတ်၊ ကုန်ထုတ်လုပ်မှု ကုန်ကျစရိတ်များ ပိုကုန်ကျလာပြီး ကုန်ဈေးနှုန်းများ ကြီး မြင့်နေခြင်းဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here