ကရင်ပြည်နယ်ရှိ ကမော့ပေါ ဘေးမဲ့ကာကွယ်တောအား ခရီးစဉ်ဒေသအဖြစ် ဖော်ထုတ်နိုင်ရေး ကြိုးပမ်းကြရန် ပြည်နယ်ဝန်ကြီးချုပ် ပြောကြား

0
213

ကရင်ပြည်နယ်၏ သဘာဝကို အခြေခံသည့် ခရီးသွားလုပ်ငန်းများ ရေရှည်တည်တံ့ခိုင်မြဲအောင် ဝိုင်းဝန်းထိန်းသိမ်းစေလိုပြီး ကမော့ပေါ ဘေးမဲ့ကာကွယ်တောအား ခရီးစဉ်ဒေသအဖြစ် ဖော်ထုတ်နိုင်ရေး ကြိုးပမ်းကြစေလိုကြောင်းကရင်ပြည်နယ် ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ၏ (၅/၂၀၂၄)ကြိမ်မြောက် လုပ်ငန်းညှိနှိင်း အစည်းအဝေးတွင် ပြည်နယ်ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက ပြောကြားသည်။

ကရင်ပြည်နယ်သည် မိုးရာသီတွင် သဘာဝအလှအပများဖြင့် ပိုမိုစိမ်းလန်းစိုပြေနေပြီး ခရီးသွားဧည့်သည်များ လာရောက်လည်ပတ်မှု အများဆုံးအချိန်ဖြစ်ကြောင်း၊ သဘာဝကို အခြေခံသည့် ခရီးသွားလုပ်ငန်းများ၊ ခရီးစဉ်ဒေသများ ရေရှည်တည်တံ့ခိုင်မြဲရေး ဝိုင်းဝန်းထိန်းသိမ်းရန်လိုကြောင်း ပြည်နယ်ဒေသဆိုင်ရာ ခရီးသွား လုပ်ငန်း ကော်မတီ ဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက ပြောကြားသည်။

ထို့ပြင် ကမော့ပေါဘေးမဲကာကွယ်တောအား ခရီးစဉ်ဒေသအဖြစ် ဖော်ထုတ်နိုင်ရေး ကြိုးပမ်းကြစေလိုကာ ဒေသတွင်းခရီးသွားလုပ်ငန်း ယခုထက်ပိုမိုတိုးတက်စေရေး ဝိုင်းဝန်းအကြံပြု ဆွေးနွေးပေးကြစေလိုကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

ယင်းနောက် အစည်းအဝေးသို့ တက်ရောက်လာသော ကော်မတီဝင်များနှင့် ဌာနဆိုင်ရာများ၊ (ဆဒ္ဒန်ဂူ၊ ကော့ဂွန်းဂူ၊ ရသေ့ပျံဂူ၊ ကော့ကသောင်ဂူ၊ လွန်းညရေပြာအိုင်၊ ဇွဲကပင်တောင်၊ ကျောက်ကလပ်၊ တောင်ဝိုင်း၊ ကျုံထော်ရေတံခွန်) ခရီးစဉ်ဒေသစီမံခန့်ခွဲရေးအဖွဲများက သက်ဆိုင်ရာကဏ္ဍများအလိုက် ခရီးသွားလုပ်ငန်း ပိုမိုဖွံဖြိုး တိုးတက်စေရေး ဝိုင်းဝန်းအကြံပြု ဆွေးနွေးတင်ပြကြရာ ကော်မတီဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ်က ပေါင်းစပ်ညှိနှိင်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here