မြဝတီရေဘေးအတွက် ကယ်ဆယ်ရေးစခန်း(၁၁)နေရာအား ပြင်ဆင်ထားပြီး စခန်း(၅)နေရာတွင် ရေဘေးသင့် ပြည်သူများခိုလှုံနေဟုဆို

0
99

ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့ သောင်ရင်းမြစ်ရေ ဆက်လက်မြင့်တက်လာမှုကြောင့် ဒေသခံများခိုလှုံရန် ကယ်ဆယ်ရေးစခန်း (၁၁)နေရာအထိ ပြင်ဆင်နေပြီး လက်ရှိတွင် ကယ်ဆယ်ရေးစခန်း (၅)နေရာတွင် ရေဘေးသင့်ပြည်သူများခိုလှုံနေကြပြီဖြစ်သည်ဟု ဒေသတွင်း သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

ယနေ့ ဇူလိုင်(၂၆)ရက် မွန်းလွဲပိုင်းအချိန်အထိ မိုးဆက်လက်ရွာသွန်းနေခြင်းကြောင့် သောင်ရင်းမြစ်ရေမှာ အမှတ် (၁)ရပ်ကွက်မှ အမှတ်(၅)ရပ်ကွက်အထိ ရေများဝင်ရောက်လျက်ရှိပြီး အနိမ့်ပိုင်းနေအိမ်များ နစ်မြှပ်သွားပြီဖြစ်ကြောင်း သိရသည်။

“မြစ်ရေ ဆက်တိုးဖို့ပဲရှိတယ်။ မိသားစုဝင်တွေကို ကယ်ဆယ်ပြီးစခန်းတွေဆီ ပို့ဆောင်ပေးနေပါတယ်”ဟု ရေဘေးကယ်ဆယ်ရေး တာဝန်ခံတစ်ဦးက ပြောသည်။

လက်ရှိတွင် ဆက်လက်မြင့်တက်လာသည့် ရေဘေးအတွက် ကြိုတင်စီမံချက်များ ချမှတ်ပြီး၊ ကယ်ဆယ်ရေးစခန်းတာဝန်ခံများနှင့် ရပ်ကွက်အလိုက်အုပ်ချုပ်ရေးမှူးများ တွဲဖက်၍ ကိုးနဝင်းဘုန်းကြီးကျောင်း၊ ဓမ္မရန်အောင်ကျောင်း၊ ဓိဌာန်အောင်‌ကျောင်း၊ ကြက္ခတ္တော ကျောင်းနှင့် တောရကျောင်းများတွင် စခန်းဖွင့်လှစ်၍ နေရာချထားလျက်ရှိပြီး စားသောက်ရေးအတွက်ပြင်ဆင်ပေးလျက်ရှိကြောင်း သိရသည်။

ထို့ပြင် မြဝတီမြို့ လက်ရှိအခြေအနေမှာ ဘုရင့်နောင်လမ်းမကြီးနှင့် ဓိဌာန်အောင်လမ်းမကြီး (၂)ခုတွင်သာ သွားလာနိုင်ကြပြီး၊ ရေများထပ်တိုး ဝင်ရောက်လျက်ရှိကြောင်း သိရသည်။

လတ်တ‌လော မြေနိမ့်ပိုင်းရပ်ကွက်များရှိ နစ်မြှပ်နေသည့် နေအိမ်များအတွင်း ပိတ်မိနေသူအချို့ရှိနေသဖြင့် ကယ်ဆ ယ်ရေးလုပ်ငန်းများ ဆက်လက်လုပ်ကိုင်နေသည်ဟု ဆိုသ ည်။

ဓာတ်ပုံ-CJ(ပေးပို့)


LEAVE A REPLY

Please enter your comment!
Please enter your name here