အစ္စရေး၏ စစ်ပြီးအစီအစဉ်အသေးစိတ်ကိုမတွေ့ရသေး—ကန်ဗိုလ်ချုပ်ကြီး

0
231

ဝါရှင်တန်၊ဇူလိုင် ၂၆

ဟားမက်စ်နှင့်စစ်ပွဲပြီးဆုံးသွားသည်နှင့်တစ်ပြိုင်နက် ဂါဇာအတွက်အကောင်အထည်ဖော်ပေးမည့် စစ်ပြီးကာလ အစီအစဉ်အသေးစိတ်ကို အစ္စရေး၌မတွေ့ရသေးကြောင်း အမေရိကန်ထိပ်တန်းအရာရှိတစ်ဦးကပြောကြားခဲ့သည်။

ဂါဇာကမ်းမြောင်ဒေသအတွက် လက်တွေ့ကျသည့် စစ်ပြီးခေတ်အစီအစဉ်ကိုရေးဆွဲရန် အစ္စရေးကို ဝါရှင်တန်က ထပ်ခါတလဲလဲတိုက်တွန်းခဲ့ပြီးဖြစ်ကြောင်း၎င်းက ပြောသည်။

အကယ်၍ ယင်းသို့မလုပ်ဆောင်ပါကပါလက်စတိုင်းတွင် ဟားမတ်စ်များပြန်ရှိလာနိုင်သကဲ့သို့ တရားမဲ့မှုများနှင့်ပရမ်းပတာဖြစ်စေလိမ့်မည်ဟုလည်း ပြောသည်။

“ပါလက်စတိုင်းတို့ကမူ အစ္စရေးဘက်က ဂါဇာကို သိမ်းပိုက်ထားခြင်းကို အဆုံးသတ်ကာ ပါလက်စတိုင်းနိုင်ငံ ထူထောင်ခွင့်ပြုခြင်းကသာလျှင် ငြိမ်းချမ်းရေးကို ဆောင်ကြဉ်းပေးလိမ့်မည်ဖြစ်ကြောင်းလည်း ယခင်ကပြောကြားခဲ့ဖူးသည်။

၂၀၀၅ ခုနှစ်တွင် အစ္စရေးစစ်သားများ ဂါဇာမှထွက်ခွာသွားပြီးနောက် ဂါဇာတွင် ဟားမတ်စ် အာဏာရလာခဲ့ခြင်းလည်းဖြစ်သည်။လက်ရှိဖြစ်‌ပေါ်နေသည့်စစ်ပွဲက ပါလက်စတိုင်းနယ်မြေအားပျက်စီးစေခဲ့ပြီး ဒေသခံ ၃၉,၀၀၀ ကျော်‌ေ-သဆုံးခဲ့ကြောင်းလည်း ဂါဇာ ကျန်းမာရေးတာဝန်ရှိသူများကပြောကြားခဲ့သည်။ 

ပါလက်စတိုင်းဘက်မှ ဟားမတ်စ်တိုက်ခိုက်ရေးသမားများသည် ပြီးခဲ့သည့်နှစ် အောက်တိုဘာ ၇ ရက်က အစ္စရေးနိုင်ငံတောင်ပိုင်းသို့ ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး လူ ၁၂၀၀ ကျော်‌ေ-သဆုံးကာ ၂၅၀ ကို သုံ့ပန်းအဖြစ်ဖမ်းဆီးခဲ့ကြောင်းလည်း အစ္စရေး၏စာရင်းများအရသိရသည်။

Source : ရိုက်တာ/အက်ဖ်အက်စ်


LEAVE A REPLY

Please enter your comment!
Please enter your name here