နှစ်နိုင်ငံ အပြည်ပြည်ဆိုင်ရာ နယ်စပ်ဂိတ်များ ပြန်လည် ဖွင့်လှစ်နိုင်ရေး မြန်မာနှင့် အိန္ဒိယ ဆွေးနွေး

0
427

တမူး – မိုးရေး နယ်စပ်ဂိတ်အပါအဝင် နှစ်နိုင်ငံ အပြည်ပြည်ဆိုင်ရာနယ်စပ်ဂိတ်များ ပြန်လည် ဖွင့်လှစ်နိုင်ရေး လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်နှင့် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယ သံအမတ်ကြီးတို့ ဇူလိုင် (၂၄)ရက်က ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ယင်းသို့ တွေ့ဆုံရာတွင် မြန်မာ-အိန္ဒိယ နှစ်နိုင်ငံပြည်သူများအကြား အပြန်အလှန် ဝင်၊ထွက် သွားလာနိုင်ရေးအတွက် ပြည်ဝင်ဗီဇာဖြင့် နေခွင့်ဆိုင်ရာ ခွင့်ပြုဆောင်ရွက်ပေးမှုများ၊ နှစ်နိုင်ငံ အပြည်ပြည်ဆိုင်ရာ နယ်စပ်ဂိတ်များ ပြန်လည် ဖွင့်လှစ်နိုင်ရေးတို့ အတွက် စီစဉ်ဆောင်ရွက်နေမှုများကို ဆွေးနွေးခဲ့ကြသည်ဟု သိရသည်။

ထို့ပြင် မြန်မာနှင့် အိန္ဒိယ နှစ်နိုင်ငံအကြား လူဝင်မှုကြီးကြပ်ရေးလုပ်ငန်းများနှင့် e-ID စနစ်အတွက် နည်းပညာဆိုင်ရာလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်နိုင်ရေး အခြေအနေများကိုလည်း အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်ဟု သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here