စနစ်ဟောင်းဖြင့် နဝမတန်းအောင်သူများကိုလည်း တက္ကသိုလ်ဝင် စာမေးပွဲဖြေခွင့်ပြုမည်

0
77

လာမည့် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် စနစ်ဟောင်းဖြင့် နဝမတန်းအောင်သူများကိုလည်း တက္ကသိုလ်ဝင် စာမေးပွဲဖြေခွင့်ပြုမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်အသိပေးထားသည်။

ပညာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ စနစ်ဟောင်းဖြင့် နဝမတန်းအောင်မြင်ကာ အကြောင်းအမျိုးမျိုးကြောင့် ဖြေဆိုခြင်းမရှိခဲ့သည့် ကျောင်းသားကျောင်းသူများအပါအဝင် စနစ်ဟောင်း၊စနစ်သစ်တွင် တက္ကသိုလ်ဝင်စာမေးပွဲ ကျရှုံးသူများကို ပြင်ပဖြေအဖြစ် ဝင်ရောက်ဖြေဆိုခွင့်ပေးမည်ဖြစ်ကြောင်း သိရသည်။

ထိုကဲ့သို့ ပြင်ပဖြေအဖြစ် ဝင်ရောက်ဖြေဆိုမည့်သူများအနေဖြင့် စနစ်သစ် ဘာသာတွဲများအနက် တစ်ခုကို ရွေးချယ်လျှောက်ထားနိုင်ကြောင်းလည်း သိရသည်။

၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် နိုင်ငံခြား စာစစ်ဌာန အပါအဝင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဖြေဆိုသူ ဦး ရေ ၁၂၈၈၂၀ ယောက်ဝင်ရောက်ဖြေဆိုခဲ့ကာ အောင်မြင်သူဦးရေ ၇၄၅၉၂ ယောက်ရှိခဲ့ပြီး အောင်ချက် ရာခိုင်နှုန်း ၅၇ ဒသမ ၉၀ ရာခိုင်နှုန်း ရှိခဲ့ကြောင်းလည်း ပညာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များအရ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here