MNDAA နှင့် TNLAအဖွဲ့ က မတရား စုဆောင်းခံထားရသည့် ပြည်သူ၏ လုံခြုံရေးအား
တပ်မတော်က ခိုင်ခိုင်မာမာအာမခံ–ဗိုလ်ချုပ်ဇော်မင်းထွန်း

0
328

ယနေ့ ဇူလိုင်(၂၆)ရက်က ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ဖြစ်ပေါ်နေသည့် အခြေအနေများနှင့်ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ထို့သို့ ကတိပြုပြောကြားခဲ့ခြင်းဖြစ်သည်။

၎င်း၏ပြောကြားချက်အရ MNDAA အဖွဲ့သည် ဇူလိုင်လ (၃) ရက်မှစ၍လားရှိုး အနီးတဝိုက်ကို စတင်တိုက်ခိုက်ခဲ့ကြောင်း၊ အလားတူ TNLA အဖွဲ့မှာလည်း နောင်ချို၊ ကျောက်မဲ၊ မိုးကုတ် မြို့များကို တိုက်ခိုက်ခဲ့ကြောင်း၊ ထိုသို့ တိုက်ရာတွင် စစ်ဘက်ဆိုင်ရာနေရာများထက် သာမန်ပြည်သူများ၏ နေရာတွေကို ရှော့တိုက်ဒုံး၊ ဒရုန်းတွေနဲ့ ဗုံးကြဲတိုက်ခိုက်ခြင်းများ ကြောင့်ပြည်သူလူထု နစ်နာဆုံးရှုံးခဲ့ရကြောင်းဆိုသည်။

ထို့ကြောင့် ဘာသာရေးအဆောက်အဦး၊ လမ်းတံတား၊ ပြည်သူပိုင်ဆေးရုံဆေးခန်းနှင့် စာသင်ကျောင်းများ ထိခိုက်ပျက်စီးခဲ့ရကြောင်း၊ လားရှိုးမြို့တစ်ခုတည်းမှာပင် က-လေ-းငယ် (၅) ဦး အပါအဝင် (၃၀) ဦး ‌ေ-သဆုံးပြီး ဒဏ်ရာရရှိသူ (၅၅) ဦးရှိခဲ့ကြောင်းသိရသည်။

ယခု လက်ရှိအခြေအနေ၌ MNDAA, TNLA, AA နှင့်ပူးပေါင်းနေသည့် PDF များ၏ မြို့ရွာများကိုပစ်မှတ်ထားတိုက်ခိုက်မှုကြောင့် နေရပ်စွန့်ပြေးလာပြီး ပြင်ဦးလွင်မြို့၊ တောင်ကြီးမြို့နှင့် မန္တလေးမြို့အပါအဝင် အခြားမြို့ရွာများကို ရောက်ရှိခိုလှုံနေရသူ တိုင်းရင်းသားပြည်သူဦးရေ အမြောက်အများရှိနေကြောင်း ဆိုသည်။

နိုင်ငံတော် အစိုးရ၊ ဒေသဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့အစည်းများနှင့် Volunteer လူမှုကူညီရေးအသင်းများ၊ ပုဂ္ဂလိကစေတနာရှင်ပြည်သူများက ကူညီထောက်ပံ့နေခြင်းများကိုတွေ့ရှိရသည့်အတွက် စေတနာရှင် တိုင်းရင်းသားပြည်သူများ၏ဝိုင်းဝန်းစိတ်တို့ကို အထူးဂုဏ်ယူပါကြောင်း အသိပေးပြောကြားသည်။

ထို့အပြင် ပြည်ထောင်စုစိတ်ရှိသည့် ပြည်သူလူထုအနေဖြင့် လူသားချင်းစာနာစိတ်ဖြင့် ဆောင်ရွက်နေချိန်၌ ပြည်သူ့အသက်အိုးအိမ်စည်းစိမ်တွေကို ဖျက်ဆီးနေသည့် ဓ-ားပြဆန်ဆန် အဖွဲ့အစည်းဖြစ်သောသောင်းကျန်းသူအဖွဲ့ကို အားပေး၊ အားမြှောက်လုပ်နေသည့် ပြည်ပကို ထွက်ပြေးတိမ်းရှောင်ပြီး ပြည်ပအားကိုပုဆိန်ရိုးလုပ်နေသူများ၊ အဖွဲ့အစည်းများ၊ မီဒီယာများကိုလည်း၎င်းအနေဖြင့် စိတ်ပျက်ဖွယ်တွေ့ရပြီး ပျက်စီးမှုကို ဝမ်းသာအားရဖြစ်နေသူများအနေဖြင့် မိမိတို့ နိုင်ငံ၊ မိမိလူမျိုး၊ မိမိတို့ပြည်သူများအပေါ်ကောက်ကျစ်စဉ်းလဲသည့်စိတ်၊ ဖျက်လိုဖျက်ဆီး စိတ်ရှိ‌နေသည်ဆိုခြင်းမှာအထင်းသားပေါ်လွင်နေကြောင်း ပြောကြားသည်။

ထို့ကြောင့် ပြည်သူလူထုတစ်ရပ်လုံး ဝိုင်းဝန်းပူးပေါင်း၍ထိထိရောက်ရောက် ပြတ်သားစွာဆန့်ကျင်ရမည်ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက တိုက်တွန်းထားသည်။

ဇူလိုင်(၂၅)ရက် က MNDAA အကြမ်းဖက်အဖွဲ့မှ လာရှိုးမြို့ကို သိမ်းပိုက်နိုင်ပြီဟုဆိုကာ ကြေညာခဲ့ခြင်းကိုတပ်မတော်သတင်းမှန်ပြန်ကြားရေးဖက်က မဟုတ်မှန်ကြောင်းနှင့် ဝါဒဖြန့်မှုသာဖြစ်ကြောင်း ရှင်းလင်းပြောကြားထားပြီးဖြစ်ကြောင်းဆိုထားသည်။

MNDAA အဖွဲ့၏ ကြေညာချက်ထွက်ပြီး အချိန်အနည်းငယ်အတွင်းတွင် BPLA က သံယောင်လိုက်ပေးခြင်း၊ ပြည်ဖျက်မီဒီယာများက အုပ်အော်သောင်းနင်း ဝါဒဖြန့်ခြင်းနှင့် တရုတ်ဘာသာစကားဖြင့် TikTok, Wechat စာမျက်နှာများ၌ ဝါဒဖြန့်မှုအရေအတွက်များစွာဆောင်ရွက်ခဲ့ပြီး၊မမှန်သတင်းအား အရှိန်အဟုန်ဖြင့် မည့်သည့်အတွက်ကြောင့်လုပ်ဆောင်နေသည်ကို သိရှိရန်လိုအပ်ကြောင်း အသိပေးထားသည်။

MNDAA, TNLA နှင့် PDF အကြမ်းဖက်အဖွဲ့သည် ဇူလိုင်လအတွင်း ရှမ်းမြောက်တိုက်ပွဲများအတွင်း ‌ေ-သဆုံး၊ ဒဏ်ရာရ၊ ပျောက်ဆုံး၊ ထွက်ပြေးသူများပြားသည်ကို တွေ့ရှိရသည့်အပြင် ရွာများရှိ က-လေ-းသူငယ်များ၊ သက်ကြီးရွယ်အိုများအပါအဝင် တိုင်းရင်းသားပြည်သူလူထုကို မတရားဖမ်းဆီးပြီး တိုက်ပွဲဝင်ခိုင်းခဲ့ကြောင်း၊ ယင်းသို့ပြုလုပ်ခြင်းသည် ၎င်းတို့၏ စိတ်ဓာတ်ရေးရာထိခိုက်နေမှုကိုဖုံးကွယ်ရန် ဆောင်ရွက်ခြင်းဖြစ်‌ကြောင်းအသိပေးထားသည်။

ထို့အပြင် လားရှိုးနှင့်ဆက်စပ်ဒေသများအား အကြမ်းဖက်တိုက်ခိုက်မှုအတွက်ဒေသခံပြည်သူလူထုအပါအဝင် မြန်မာတစ်နိုင်ငံလုံးက ပြည်သူများ၊ တရုတ်နိုင်ငံသားများကအစ ၎င်းတို့၏ လုပ်ရပ်ကို ဝိုင်းဝန်းကန့်ကွက်ထားသည်။

ယနေ့ ဇူလိုင် (၂၆)ရက်တွင်လည်း လားရှိုးမြို့အချို့‌နေရာများတွင် အရပ်ဝတ်ဖြင့် ဝင်ရောက်နေရာယူပြီး ယူနီဖောင်းလဲ၍ လမ်းလျှောက်ပြခြင်း၊ အလံလွှင့်ပြခြင်း၊မြို့ပေါ်အချို့နေရာများတွင် မော်တော်ယာဉ်ဖြင့်ဓာတ်ပုံရိုက်၊ ဗီဒီယိုရိုက်၍ ဝါဒဖြန့်ခြင်းများဆောင်ရွက်နေတာသည်ကို တွေ့ရကြောင်း ဆိုသည်။

မြန်မာနိုင်ငံရှိနေသရွေ့ တပ်မတော်ရှိနေမည်ဖြစ်ကြောင်း၊ တပ်မတော်ရှိနေသရွေ့ မြန်မာနိုင်ငံ တည်တံ့ ခိုင်မြဲစေရမည်ဖြစ်ကြောင်း၊ ပြည်သူလူထု၏ ပိုင်ဆိုင်မှု၊ အသက်အိုးအိမ်စည်းစိမ် လူမှုစီးပွားဘဝလုံခြုံစေ ရမည်ဖြစ်‌ကြောင်း၊ တိုင်းရင်းသားပြည်သူလူထုတစ်ရပ်လုံးကလည်း ဝိုင်းဝန်းပြီး လက်တွဲညီညီဆောင်ရွက်ပေးကြပါရန် တိုက်တွန်းထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here