ရှမ်းမြောက်တွင် တိုက်ပွဲ ဖော်ဆောင်နေသည့် အဖွဲ့များအား ဓ-ားပြသာသာ အဖွဲ့များသာဖြစ်ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းပြော

0
424

ပျက်စီးမှုများကို ဝမ်းသာအားရဖြစ်နေသူများအနေဖြင့် မိမိတို့ နိုင်ငံ၊ မိမိလူမျိုး၊ မိမိတို့ပြည်သူများအပေါ်ကောက်ကျစ်စဉ်းလဲသည့်စိတ်၊ ဖျက်လိုဖျက်ဆီးစိတ်ရှိ‌နေသည်မှာအထင်းသားပေါ်လွင်

ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ဒေသအချို့တွင် ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းဟု ဆိုကာ တိုက်ပွဲများဖော်ဆောင်ကာ တပ်မတော်တပ်စခန်းများအား ထိုးစစ်ဆင်တိုက်ခိုက်နေသည့် အဖွဲ့များကို ဓ-ါးပြသာသာအဖွဲ့များသာဖြစ်ကြောင်း နစက ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။

ယနေ့ ဇူလိုင်(၂၆)ရက်က ရှမ်းမြောက်တွင် ဖြစ်နေသည့် အခြေအနေများနှင့် ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းရှင်းလင်း ပြောကြားစဉ် ထိုသို့ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

ရှမ်းပြည်နယ် မြောက်ပိုင်း လားရှိုး၊ ကျောက်မဲ၊ နောင်ချို၊ မိုးကုတ်အပါအဝင် ဒေသအချို့တွင် MNDAA ၊TNLA နှင့် PDF ပူးပေါင်းအဖွဲ့များက ထိုးစစ်ဆင်တိုက်ခိုက်မှုများ ဆောင်ရွက်နေခြင်း ဖြစ်သည်။

အဆိုပါ တိုက်ပွဲများအတွင်း စစ်ဘက်ဆိုင်ရာနေရာများထက် သာမန်ပြည်သူများနေသည့်နေရာတွေကို ရှော့တိုက်ဒုံး၊ ဒရုန်းတွေနဲ့ ဗုံးကြဲတိုက်ခိုက်ခြင်းများ ဆောင်ရွက်ခဲ့သဖြင့် ပြည်သူလူထု အသက်၊ အိုး၊ အိမ်၊ စည်းစိမ်များဆုံးရှုံးခဲ့ရကြောင်းဆိုသည်။

လားရှိုးမြို့တစ်ခုတည်းမှာပင် က-လေ-းငယ် (၅) ဦး အပါအဝင် (၃၀) ဦး ‌ေ-သဆုံးပြီး ဒဏ်ရာရရှိသူ (၅၅) ဦးရှိခဲ့ကာ တိုင်းရင်းသားပြည်သူများအနေဖြင့် အနှစ်နှစ်အလလ၊ သားစဉ်မြေးဆက်ရှာဖွေစုဆောင်းတည်ဆောက်ခဲ့ရသည့် အိမ်များ၊ ဆိုင်များ၊ လုပ်ငန်းများကို စွန့်ခွာထွက်ပြေးရပြီး တိုက်ပွဲရှောင်ခဲ့ရကြောင်း ၎င်းကဆိုသည်။

နိုင်ငံတော် အစိုးရ၊ ဒေသဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့အစည်းများနှင့် Volunteer လူမှုကူညီရေးအသင်းများ၊ ပုဂ္ဂလိကစေတနာရှင်ပြည်သူများက ကူညီထောက်ပံ့နေခြင်းများကိုတွေ့ရှိရသည့်အတွက် ကူညီစောင့်ရှောက်ပေး‌နေသည့်စေတနာရှင် တိုင်းရင်းသားပြည်သူများ၏ကူညီစိတ်၊ ဝိုင်းဝန်းစိတ်နှင့် မြန်မာဆိုသည့် စိတ်ထားကို အထူးဂုဏ်ယူပါကြောင်း အသိပေးပြောကြားသည်။

ထို့အပြင် ပြည်ထောင်စုစိတ်၊ မြန်မာစိတ်ရှိသည့် ပြည်သူလူထုအနေဖြင့် လူသားချင်းစာနာစိတ်ဖြင့် ဆောင်ရွက်နေချိန်၌ ပြည်သူ့အသက်အိုးအိမ်စည်းစိမ်ကို ဖျက်ဆီးနေသည့် ဓ-ားပြဆန်ဆန် အဖွဲ့အစည်းများကို အားပေး၊ အားမြှောက်လုပ်နေသည့် ပြည်ပကို ထွက်ပြေးတိမ်းရှောင်ပြီး ပြည်ပအားကိုပုဆိန်ရိုးလုပ်နေသူများ၊ အဖွဲ့အစည်းများ၊ မီဒီယာများ ကိုလည်း စိတ်ပျက်ဖွယ်တွေ့ရှိရကြောင်းလည်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ထည့်သွင်းပြောကြားသွားသည်။

ထို့ပြင် တိုင်းရင်းသားပြည်သူလူထု၏ ‌ေ-သကြေ ပျက်စီးမှု၊ အိုးအိမ်နေရာဖျက်ဆီးဆုံးရှုံးခံရမှု၊ ပြည်သူပိုင်လမ်း၊ တံတား၊ စာသင်ကျောင်း၊ ဆေးရုံ၊ ကိုးကွယ်ရာနေရာများဖြစ်တဲ့ ဘုရား၊ ကျောင်း၊ ဘာသာရေးအဆောက်အဦးများ ပျက်စီးရမှုကို ဝမ်းသာအားရဖြစ်နေသူများအနေဖြင့် မိမိတို့ နိုင်ငံ၊ မိမိလူမျိုး၊ မိမိတို့ပြည်သူများအပေါ်ကောက်ကျစ်စဉ်းလဲသည့်စိတ်၊ ဖျက်လိုဖျက်ဆီး စိတ်ရှိ‌နေသည်မှာအထင်းသားပေါ်လွင်နေကြောင်းလည်း ထပ်လောင်းပြောကြားသွားသည်။

MNDAA, TNLA နှင့် PDF အဖွဲ့သည် ဇူလိုင်လအတွင်း လားရှိုး၊ နောင်ချို၊ ကျောက်မဲ၊ သီပေါဒေသတဝိုက်တိုက်ပွဲများအတွင်း ‌ေ-သဆုံး၊ ဒဏ်ရာရ၊ ပျောက်ဆုံး၊ ထွက်ပြေးသူများပြားသည်ကို တွေ့ရှိရသည့်အပြင် ရွာများရှိ ကလေး သူငယ်များ၊ သက်ကြီးရွယ်အိုများအပါအဝင် တိုင်းရင်းသားပြည်သူလူထုကို မတရားဖမ်းဆီးပြီး တိုက်ပွဲဝင်ခိုင်းခဲ့ကြောင်းနှင့် ယင်းသို့ပြုလုပ်ခြင်းသည် ၎င်းတို့၏ စိတ်ဓာတ်ရေးရာထိခိုက်နေမှုကို ဖုံးကွယ်ရန် ဆောင်ရွက်ခြင်းဖြစ်‌ကြောင်းလည်း ၎င်းကဆိုသည်။

ထို့ပြင် လားရှိုးနှင့်ဆက်စပ်ဒေသများအား အကြမ်းဖက်တိုက်ခိုက်မှုအတွက် ဒေသခံပြည်သူလူထုအပါအဝင် မြန်မာတစ်နိုင်ငံလုံးက ပြည်သူများ၊ တရုတ်နိုင်ငံသားများကအစ ၎င်းတို့၏ လုပ်ရပ်ကို ဝိုင်းဝန်းကန့်ကွက်ခြင်းများရှိနေသည်။

ယနေ့ ဇူလိုင် (၂၆)ရက်တွင်လည်း လားရှိုးမြို့အချို့‌နေရာများတွင် အရပ်ဝတ်ဖြင့် ဝင်ရောက်နေရာယူပြီး ယူနီဖောင်းလဲ၍ လမ်းလျှောက်ပြခြင်း၊ အလံလွှင့်ပြခြင်း၊ လားရှိုးမြို့ပေါ်အချို့နေရာများတွင် မော်တော်ယာဉ်ဖြင့် ဓာတ်ပုံရိုက်၊ ဗီဒီယိုရိုက်၍ ဝါဒဖြန့်ခြင်းများဆောင်ရွက်နေသည်ကို တွေ့ရကြောင်း ဆိုသည်။

ထို့ပြင် လက်ရှိဖြစ်ပေါ်နေသည့် ဓ-ါးပြသာသာစစ်ဘုရင်ဝါဒကို ပံ့ပိုးနေမှုများသည် ငြိမ်းခါနီးမီးကို ထတောက်အောင် လုပ်ဆောင်နေခြင်း ဖြစ်သည့်အတွက် သတိရှိကြရန်လည်း ၎င်းက ပြည်သူလူထုအား တိုက်တွန်းသွားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here