မော်လမြိုင်ဆေးရုံ ခွဲစိတ်ကုသဆောင်ပေါ် ပိတောက်ပင် လဲကျမှုဖြစ်ပွား

0
96

မွန်ပြည်နယ်အတွင်း မိုးသည်းထန်စွာ ရွာသွန်းလျက်ရှိရာ မော်လမြိုင်ဆေးရုံ ခွဲစိတ်ကုသဆောင်ပေါ် ပိတောက်ပင်ကြီး လဲကျမှုဖြစ်ပွားခဲ့သည့်အတွက် သွားရောက်ရှင်းလင်းခဲ့ရကြောင်း ဒေသတွင်းရှိ လူမှုကယ်ဆယ်ရေးအသင်းများထံမှ သိရသည်။

ယနေ့ ဇူလိုင် (၂၆) ရက်၊ နံနက် (၈) နာရီအချိန်က မော်လမြို င်ဆေးရုံကြီး ခွဲစိတ်ကုသဆောင်ပေါ်သို့ ပိတောက်ပင် အမြစ်မှ လဲကျခဲ့ရခြင်း ဖြစ်သည်။

အခင်းဖြစ်နေရာသို့ မော်လမြိုင်မြို့နယ် မီးသတ်ဦးစီးမှူး ဦးစိုးကျော်သူ ဦးဆောင်၍ မီးသတ်တပ်ဖွဲ့များ၊ မြို့နယ်ထွေအု ပ်အဖွဲ့၊ ဆေးရုံအုပ်ကြီးနှင့် ဆေးရုံဝန်ထမ်းများ၊ ဘိုဘိုဝင်း Rescue အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့၊ ရာမညအရေးပေါ်လူမှုကယ်ဆယ်ရေးအသင်း၊ စည်ပင်ဝန်ထမ်းများ၊ သက်ဆို င်ရာ တာဝန်ရှိသူများမှ (၆) မိုင် ကိုသားကြီး ကရိန်းအဖွဲ့ဖြင့် သွားရောက်ရှင်းလင်းခဲ့ကြောင်း သိရသည်။

အဆိုပါ သစ်ပင်ကြီး လဲကျမှုကြောင့် ဆေးရုံခေါင်မိုး ထိခိုက်ပျက်စီးခဲ့ရပြီး ရှင်းလင်းရေး လုပ်ဆောင်ရာ ညနေ (၃) နာရီ၊ (၃၀)မိနစ်အချိန်တွင် သစ်ပင်အား ရှင်းလင်းမှု ပြီးစီးခဲ့ကြောင်း သိရသည်။

ထို့ပြင် ယနေ့ ဇူလိုင် (၂၆)ရက်၊ နံနက် (၇)နာရီ (၄၀)မိနစ်အ ချိန်က ဇင်းကျိုက်မြို့တွင်လည်း နေအိမ်ပေါ်သို့ သစ်ပင်လဲ ကျမှုဖြစ်ပွားခဲ့သည့်အတွက် ပေါင်မြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရ န်မီးသတ်တပ်ဖွဲ့ဝင်များ၊ သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ရှင်းလင်းခဲ့ရကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here