သွင်းဂိုးများကို လက်စွမ်းပြ ကာကွယ်ခဲ့သည့် ဟံသာဝတီယူနိုက်တက် ဂိုးသမား နေလင်းထက် အကောင်းဆုံး ကစားသမားဆု ရရှိ

0
288

သွင်းဂိုးများ လက်စွမ်းပြ ကာကွယ်ခဲ့သည့် ဟံသာဝတီယူနိုက်တက် ဂိုးသမား နေလင်းထက် ယနေ့ပွဲစဉ်အပြီးတွင် အကောင်းဆုံးကစားသမားဆု (AYA Pay Man of the Match) ကို ရရှိခဲ့သည်။

ယနေ့ ဇူလ်ိုင် (၂၆)ရက် ညနေပိုင်းတွင် ၂၀၂၄ မြန်မာနေရှင်နယ်လိဂ် Week-4 ပွဲစဉ်တွင် ဟံသာဝတီယူနိုက်တက်အသင်းနှင့် ရတနာပုံအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ ဟံသာဝတီယူနိုက်တက်အသင်းက ရတနာပုံအသင်းကို (၁)သွင်းယူ၍ အနိုင်ရရှိခဲ့သည်။

ပွဲစဉ်တွင် အကောင်းဆုံး ကစားသမားဆု ရရှိခဲ့သည့် နေလင်းထက်အနေဖြင့် ယခုပွဲတွင် ရတနာပုံအသင်း၏ အပိုင်ကန်သွင်းချက်များကို ကာကွယ်ကာ အသင်းအား နိုင်ပွဲရရှိရန် အကောင်းဆုံး ပံ့ပိုးနိုင်ခဲ့သောကြောင့် ယခုကဲ့သို့ ဆုချီးမြှင့်ခြင်း ခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

ထို့ကြောင့် နေလင်းထက်သည် အကောင်းဆုံးကစားသမားဆုတံဆိပ်နှင့်အတူ ဆုငွေကျပ် သုံးသိန်း ရရှိခဲ့ပြီး ဆုတံဆိပ်နှင့် ဆုငွေများကို ပြိုင်ပွဲကြီးကြပ် ဦးရဲနိုင်ဦးမှ ချီးမြှင့်ပေးခဲ့သည်။

Man of the Match အကောင်းဆုံးကစားသမားဆု ချီးမြှင့်ခြင်း အစီအစဉ်ကို မြန်မာနေရှင်နယ်လိဂ်၏ Payment Partner ဖြစ်သည့် AYA Pay မှ အဓိက ပံ့ပိုးကူညီပေးထားခြင်းဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here